Photo credit -100 Thieves twitter

100 Thieves ကတော့ သူတို့ရဲ့ Valorant team မှာကစားမယ့် last members နှစ်ယောက်ကို ကြေညာခဲ့ပြီပဲ ဖြစ်ပါတယ်။

၄င်း players တွေကတော့ အရင်က cs:go pro players တွေဖြစ်ကြတဲ့ Asuna နဲ့ Dicey တို့ပဲဖြစ်ပါတယ်။

100 Thieves အနေနဲ့လည်း Valorant Team ကို ပြီးခဲ့တဲ့ 6 လပိုင်းထဲက စတင်ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။

သို့ပေမယ့်လည်း အသင်းမှာကစားမယ့် players တွေကိုတော့ အပြီးသတ်ခေါ်ယူခဲ့ခြင်းမရှိဘဲ 6 လပိုင်းထဲမှာ Hiko, 8 လပိုင်း 14 ရက်နေ့မှာ nitr0

, 9 လပိုင်း 4 ရက်နေ့မှာ steel တို့ကိုခေါ်ယူခဲ့ပြီး လက်ရှိမှာ roster ပြည့်စုံဖို့ကျန်ရှိနေသေးတဲ့ players နှစ်ယောက်ကို ထပ်မံခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

100 Thieves ရဲ့ Valorant roster အပြည့်အစုံကတော့

Hiko

nitr0

steel

Asuna

Dicey

တို့ပဲဖြစ်ပါတယ်။

100 Thieves ရဲ့လက်ရှိ ဒီ roster ဟာ Europe region မှာ အတောင့်ဆုံး roster လို့ပြောလို့ရနေပြီး player တစ်ဦးချင်းစီကလည်း professional skill အရမ်းကောင်းတဲ့ players တွေပဲ ဖြစ်ပါတယ်။

Source-100 Thieves twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။