Photo credit - Hyunju Yoo instagram

1.Hyunju Yoo

Hyunju Yoo ကတော့ တောင်ကိုရီးယားနိုင်ငံက professional golfer တစ်ဦးပဲ ဖြစ်ပါတယ်။

Hyunju Yoo ဟာ Korean Ladies Professional Golf Association (KLPGA) က golfer တစ်ဦးလည်းဖြစ်ပါတယ်။

Hyunju Yoo ဟာ သူမရဲ့ golf skill တွေနဲ့ လူအများကို စွဲဆောင်နိုင်ရုံသာမက ကွင်းထဲမှာ မြင်ရတဲ့ သူမရဲ့ လှပမှုတွေကြောင့်လည်း လူအများစိတ်ဝင်စားမှုကို ခံနေရတာပဲ ဖြစ်ပါတယ်။

Photo credit -Shin-Ae Ahn instagram

2.Shin-Ae Ahn

Shin-Ae Ahh ကလည်း Hyunju Yoo နည်းတူ KLPGA က professional golfer တစ်ဦးဟာဖြစ်ပါတယ်။

Shin-Ae Ahh ကတော့ golf ကွင်းထဲက သူမရဲ့အကြည့်တွေက လှုပ်ရှားမှုတွေအစ စွဲဆောင်မှုရှိနေတာကြောင့် တောင်ကိုရီးယားမှာ နာမည်ကြီးတဲ့ golfer တစ်ဦးပဲ ဖြစ်ပါတယ်။

Photo credit - WonJooo instagram

3. WonJooo

WonJooo ကတော့ အခြားသူတွေနည်းတူ professional golfer တစ်ယောက်တော့မဟုတ်ပါဘူး။

သူမဟာ golf coach တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo credit- Eun Ji Her instagram

4.Eun Ji Her

Eun Ji Her ကတော့ professional golfer တစ်ဦးဖြစ်သလို golf coach တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Eun Ji Her ဟာ သူမရဲ့လှပမှုကြောင့် နာမည်ကြီး လူကြိုက်များတဲ့ golf brand တစ်ခုဖြစ်တဲ့ Renoma Golf ရဲ့ ပင်တိုင် model တစ်ဦးလည်း ဖြစ်ပါတယ်။

Photo credit - Sohyun Park instagram

5.Sohyun Park

Sohyun Park ကတော့ professional golfer တစ်ဦးဖြစ်ပြီး သူမဟာ Eun Ji Her နည်းတူ model အဖြစ်ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

Sohyun Park ဟာ golf brands တွေဖြစ်တဲ့ Wide Angel Golf နဲ့ Ping Golf တို့ရဲ့ brand ambassador တစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ Sohyun Park ဟာ Korea Golf Association ရဲ့ Level 2 အဆင့်ရှိ ဒိုင်လူကြီးတစ်ဦးပါ ဖြစ်နေတာပါပဲ။

ပရိသတ်တွေရော ယခုဖော်ပြတဲ့သတင်းလေးကို သဘောကျကြရဲ့လား။

Source -thehive.asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။