ကမ္ဘာပေါ်က အားကစားနယ်ပယ်အသီသီးမှာတော့ မိန်းမလှလေးတွေများစွာ ရှိနေကြပြီး ဒီတစ်ခေါက်မှာတော့ ပရိသတ်​​​တွေအတွက် ဘောလီဘောကစားတဲ့ မိန်းမလှလေးတွေကို ဖော်ပြပေးချင်ပါတယ်။

1.Sabina Altynbekova

Photo from google

Sabina Altynbekova ကတော့ 1996 ခုနှစ် 11 လပိုင်း 5 ရက်နေ့မှာမွေးဖွားခဲ့တဲ့ ကာဇက်စတန်နိုင်ငံသူလေး တစ်ဦးပဲဖြစ်ပါတယ်။

Sabina Altynbekova ဟာ သူမရဲ့ရှည်လျားလှတဲ့ အရပ်အမောင်းကြောင့် ထင်ပေါ်သူတစ်ဦးဖြစ်တဲ့အပြင် ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကြောင့်လည်း နာမည်ကြီးသူတစ်ဦးပဲ ဖြစ်ပါတယ်။

Sabina Altynbekova ဟာလက်ရှိမှာတော့ ALMATY club မှာကစားနေပါတယ်။

2.Alisa Manyonok

Photo credit -Alisa Manyonok instagram
Photo credit-Alisa Manyonok instagram

Alisa Manyonok ကတော့ အရင်က Volley ball ကစားသမားတစ်ဦးဆိုပေမယ့် အခုကတော့ professional model တစ်ဦးဖြစ်လို့နေပါပြီ။

Alisa Manyonok. Volley ball ကစားတုန်းကဆိုရင် သူမဟာ ကောပတ်ရုပ် ဘော်လီဘော ကစားသမားလေးဆိုပီး နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး ယနေ့ထက်ထိလည်း သူမရဲ့ နာမည်ဟာ ပျံ့လွင့်နေဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေရော Alisa Manyonok ရဲ့ ဘောလီဘောကစားတဲ့ပုံနဲ့ ယခုမော်လ်ဒယ် ပုံရိပ်လေးနဲ့ ဘယ်ပုံလေးကိုပိုပြီး သဘောကျကြလဲ။

3.Klara Peric

Photo credit- Klara Peric instagram

Klara Peric ကတော့ 1998 ခုနှစ် 3 လပိုင်း 30 ရက်နေ့မှာမွေးဖွားခဲ့တဲ့ Croatia နိုင်ငံသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။

Klara Peric ဟာ လက်ရှိမှာ HAOK Mladost Zagreb အသင်းမှာကစားနေပြီး သူမရဲ့ အလှအပ ဂုဏ်သတင်းဟာလည်း တနေ့ထက်တနေ့ ပိုပိုမွှေးလာနေသူလေး တစ်ဦးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရော Kalara Peric ရဲ့ ပုံရိပ်လေးတွေမြင်ပြီး သူမတကယ်လှတယ်ဆိုတာ လက်ခံကြတယ်မလား။

Source - scorum.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။