တီတီနှင့်ဒိုးနပ် ဇာတ်ကားမှာ ပါဝင်မည့် အနုပညာပျိုးခင်းမှ ပန်းပွင့်လေး ရွှေသမီး

=========================================

မြန်မာနှင့် ထိုင်း နိုင်ငံတို့ ပူးပေါင်းရိုက်ကူးသည့် "တီတီနှင့်ဒိုးနပ်" ဇာတ်ကားတွင် သရုပ်ဆောင် ပြေတီဦး Miss Thailand World 2014 2nd Runner Up ဆုရှင် Chattrika Sittiporm တို့နှင့်အတူ ရွှေသမီးက ပါဝင်သရုပ်ဆောင်ထားသည်။

ထိုဇာတ်ကားနှင့်ပတ်သတ်၍ သူမက " တီတီနှင့် ဒိုးနပ်က ညီမအတွက် ပထမဆုံးရိုက်ကူးရတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းမှာ အားနည်းမှာ စိုးရိမ်ခဲ့မိတယ်။ အစက ဘာသာစကားလည်း အင်္ဂလိပ်လိုပြောရမယ်ပေါ့။ ပြီးမှ မြန်မာလိုပြောခဲ့ရတယ်။ ဒီဇာတ်ကားမှာ ကိုပြေတီဦးကလည်း အများကြီး သင်ပေးခဲ့တယ်" လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် ရွှေသမီး သရုပ်ဆောင်နဲ့ပတ်သတ်တဲ့ သူမရဲ့အမြင်ကို "မြန်မာပြည်က ပရိသတ်တွေက အက်တင်အိုဗာလုပ်တာကို အရမ်းကြိုက်ကြပါတယ်။ ထိုင်းကကျတော့ ကိုယ့်အမြင်နဲ့ဆို အက်တင်တွေ လိုနေတာရှိတယ်။ ကိုယ်လိုပေါက်စနလေးကကြည့်တာတောင် အက်တင်လိုတာတွေ ရှိတယ်ပေါ့။ ဒီတော့ အက်တင်ပိုင်းက သူတို့နဲ့ ယှဉ်နိုင်တယ်။ စက်ပိုင်းဆိုင်တွေ ကွာတာတော့ ရှိတယ်။ ပညာပိုင်း ဆိုင်ရာမှာတော့အတူတူပါပဲ။ တချို့အခန်းတွေမှာဆိုရင် မြန်မာဘက်က အက်တင်ပိုင်းပိုသာနေတာတွေ ရှိတယ်" လို့ ပြောပါသည်။

အဆိုပါဇာတ်ကားကို ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရိုက်ကူးထားပြီး ရွှေသမီးက ပြေတီဦး၏ ညီမနေရာ၌ ပါဝင်သရုပ်ဆောင်ထားသည်။ "တီတီနှင့်ဒိုးနပ်" ဇာတ်ကားကို ရွှေမင်းသမီးရုပ်ရှငထုတ်လုပ်ရေးက စီစဉ်ထားခြင်းဖြစ်ပြီး ယခုနှစ်ကုန်တွင် ရန်ကုန်နှင့် ဘန်ကောက်မြို့တို့တွင် တပြိုင်နက် ရုံတင်ပြသမည်ဖြစ်ရာ လှုပ်ရှားမှု အသားပေး ဇာတ်ကားတစ်ကားဖြစ်သည်။

Source: Local Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။