အေစီမီလန်​အသင်​းဟာ သူတို့ရဲ့ ဂိုးသမားဖြစ်​သူ ဒွန်​နာရမ်​မာ ကို ၅ နှစ်​ စာချူပ်​ သက်​တမ်​းတိုးနိုင်​ခဲ့ပြီ ဖြစ်​ပါတယ်​။​ဒွန်​နာရမ်​မာ ဟာ PSG အသင်​းရဲ့ ကမ်​းလှမ်​းမှုကို ငြင်​းပယ်​ခဲ့ပြီး​နောက်​ ​အေစီမီလန်​ အသင်​းမှာ တစ်​နှစ်​လုပ်​ခ ယူရို ၆ သန်​းနဲ့ ဆက်​နေဖို့ ဆုံးဖြတ်​ချက်​ ချခဲ့တာဖြစ်​ပါတယ်​။

ဒွန်နာရမ်​မာကို ​ခေါ်ယူလိုတဲ့ အသင်​းအ​နေနဲ့ ​​​အေစီမီလန်​ အသင်​းသာ ​ချန်​ပီယံလိဂ်​ ဝင်​ခွင်​့ရခဲ့ရင်​​ ဒွန်​နာရမ်​မာကို စာချူပ်​ပါ ​လျော်​​ကြေး ယူရို သန်​း ၁၀၀ နဲ့ ​ခေါ်ယူခွင်​့ ရှိပြီး ချန်​ပီယံလိဂ်​ ဝင်​ခွင်​့ မရခဲ့ရင်​​တော့ ယူရို သန်​း ၅၀ နဲ့ ​ခေါ်ယူခွင်​့ရှိတဲ့ စာချူပ်​ကို ချူပ်​ဆိုခဲ့ပါတယ်​။

အသက်​ ၁၈ နှစ်​သာရှိ​သေးတဲ့ ဒွန်​နာရမ်​မာ သည်​ အရင်​က အေစီမီလန်​ အသင်​း နဲ့ စာချူပ်​သက်​တမ်​းချူပ်​ဆို​ဖို့ ငြင်​းဆိုခဲ့ပြီး​နောက်​ ​ ​အေစီပရိတ်​သတ်​ များရဲ့​ဝေဖန်​မှုများကိုလည်​း ခံခဲ့ရသူ တစ်​​ယောက်​လည်​းဖြစ်​ပါတယ်​။

Source - ltalian Football TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။