အဖွင့်ပွဲစဉ်မှာရှုံးနိုမ့်သွားတဲ့ ဆီဒင် ၅ရစတန်ဝေါ်ရင်ကာ

၂၁နှစ်အရွယ်ရှိ မက်ဗီးဒက်ဟာ ကမ္ဘာ့အဆင့်၃ ဝေါ်ရင်ကာကိုအနိုင်ရပြီးနောက် ကမ္ဘာ့အဆင့်ငါးဆယ်အတွင်းပထမဆုံးရောက်ရှိခဲ့ပါတယ်

အသက်၃၂နှစ်ရှိသူ ဆွစ်ဇာလန်နိုင်ငံသား စတန်ဝေါ်ရင်ကာ(ဆီဒင် ၅)

ဟာ ဝင်ဘယ်ဒန်အိုပင်း ပထမအဆင့်မှာ ရုရှားနိုင်ငံသားမက်ဗီးဒက်ကိုရှုံနိုမ့်ပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ် GRAND SLAM ၃ကြိမ်ရရှိဖူးတဲ့ ဝေါ်ရင်ကာဟာဒူးဒဏ်ရာကြောင့် ဒီပွဲမှာ၆-၄ ၃-၆ ၆-၄ ၆-၁ နဲ့ရှုံးနိုမ့်ခဲ့တာပါ

အစောပိုင်းပွဲမှာ စပိန်နိုင်ငံသား ရာဖေးနာဒယ်ကပြိုင်ပွဲမှာအနိုင်ရပြီး နောက်တဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ် ပြိုင်ဘက် ကီဂျီရော့ဟာတင်ပါးဒဏ်ရာကြောင့်အနားယူသွားခဲ့လို့သက်တောင့်သက်သာပဲအနိုင်ရခဲ့တာပါ

သတင်းအရင်းမြစ် fox sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။