မနေ့က အောက်တိုဘာလ 9 ရက်နေ့မှာတော့ Floridaအမေရိကန်နိုင်ငံ ပြည်နယ် မှာ မြန်မာ့စပါးအုံးမြွေကြီး တစ်ကောင်ဖမ်းမိခဲ့ပါတယ်။

ဒီမြွေကြီးကိုဖမ်းမိခဲ့တာကတော့ Miami ရဲ့ အနောက်ဘက် 35 မိုင်အကွာမှာရှိတဲ့ Everglades က L-28 canal အနီးမှာပဲ ဖြစ်ပါတယ်။

Photo credit- Dailymail
Photo credit- Dailymail

သူတို့ဖမ်းမိခဲ့တဲ့ ဒီမြွေကြီးဟာ 18.9 ft ရှည်လျားပြီး Florida မှာဖမ်းမိတဲ့ အရှည်ဆုံးမြွေကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီမြွေကြီးကို ဖမ်းမိခဲ့တဲ့ လူနှစ်ဦးဟာ လက်ဗလာနဲ့ ဖမ်းဆီးခဲ့တာဖြစ်တာကြောင့် တော်တော်လေးကို ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရပါတယ်။

Photo credit- Dailymail
Photo credit- Dailymail

သူတို့ထဲကတစ်ဦးဟာ မြွေကြီးနဲ့အတူ လုံးထွေးနေရင်း ခန္ဓာကိုယ်ကိုရစ်ပတ်ထားတဲ့ မြွေကြီးလက်ကနေ ဘေးကသူငယ်ချင်းအကူအညီနဲ့ မနည်းရုံးထွက်ခဲ့ရပြီးမှသာ မြွေကြီးကို အောင်အောင်မြင်မြင်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကြည့်ရှုနိုင်စေဖို့အတွက် 18.9 ft ရှည်လျားတဲ့ မြန်မာ့စပါးအုံးမြွေကြီးကို ဖမ်းဆီးနေတဲ့ ဗီဒီယိုဖိုင်လေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Photo credit- Dailymail
Photo credit- Dailymail

Source-Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။