ကာရိုက်တာမျိုးစုံကို ဟာကွက်မရှိရအောင် သရုပ်ဆောင်နိုင်သူကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပဲ ဖြစ်ပါတယ်။ သူဟာ ယနေ့ချိန်ထိ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတစ်ခုလုံးကို တဖြုတ်ဖြုတ်ကြွေအောင် ဖမ်းစားထားနိုင်ဆဲပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမကဘဲ လူတိုင်းအပေါ်လည်း စိတ်ကောင်းစေတနာ ထားတာကြောင့်လည်း အောင်မြင်မှုတွေ ဆထက်တိုးနေတာပါ။

Photo Crd- Nay Toe’s Facebook Page
Photo Crd- Nay Toe’s Facebook Page
Photo Crd- Nay Toe’s Facebook Page

နေတိုးဟာ အလှူအတန်းတွေကိုလည်း အမြဲမပြတ် လှူနေတဲ့ ပြည်သူချစ် မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေ မရှိတာကြောင့် ဈေးရောင်းချနေတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ ကုန်ပစ္စည်းနဲ့အစားအသောက်တိုင်းကိုလည်း အမြဲမှာယူ အားပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းကလည်း သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nay Toe’s Facebook Page
Photo Crd- Nay Toe’s Facebook Page
Photo Crd- Nay Toe’s Facebook Page

ဒါကတော့ Skin Careတွေဝယ်ယူအားပေးတဲ့နေတိုးရဲ့အိမ်အထိသွားရောက်ပို့ပေးကာ ကျေးဇူးတင်မဆုံးဖြစ်နေတဲ့ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်နဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ မဇာလေးကလည်း " ဒီနေ့ မောင်လေး နေတိုးက ဇာလေး ရောင်းတဲ့ Lambest Skincare Gold Set ၂ စုံ ဝယ်ယူ အားပေးတဲ့ အတွက် အရမ်း လည်းကျေးဇူးတင်ပါတယ် မောင်လေးရေ

အရမ်းလည်းပျော် တယ်..." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Toe’s Facebook Page and Khin Zarchi Kyaw’s Facebook Account 

Photo Crd- Khin Zarchi Kyaw’s Facebook Account
Photo Crd- Khin Zarchi Kyaw’s Facebook Account
Photo Crd- Khin Zarchi Kyaw’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။