အဆိုတော် R ဇာနည်ကတော့ သီချင်းလေးတွေကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လတ်တလော အဆိုပြိုင်ပွဲတစ်ခုမှာ ဒိုင်အဖြစ်နဲ့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အားလပ်ချိန်များမှာလည်း မိသားစုကိုသာ အချိန်ပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။

Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account

သူ့ရဲ့ ကလေးသုံးယောက်လုံးကိုလည်း ပရိသတ်တွေ အားလုံးက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ အငယ်ဆုံးသမီးလေး မစ်မစ်တုန်ကလည်း အသက်(၄) လကျော်သာ ရှိသေးပြီး တစ်အိမ်လုံးရဲ့ အသည်းကျော်လေး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ သမီးလေးရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း R ဇာနည်ရဲ့ ဇနီးချောလေး ဝမ်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- MyatThinzar KyawOnee’s Facebook Account
Photo Crd- MyatThinzar KyawOnee’s Facebook Account
Photo Crd- MyatThinzar KyawOnee’s Facebook Account

ဒါကတော့   ဘုရားရှိခိုးနေတဲ့မေမေ့ဘေးကနေ   တအံ့တဩငေးမောကာ ငြိမ်ငြိမ်လေးကြည့်နေတဲ့  မစ်မစ်တုန်ရဲ့ဗီဒီယိုဖိုင်လေးပဲ   ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကြည့်ပြီး  အချစ်တွေ ပိုတိုးလာမှာ  အသေချာပါပဲနော်။  အားလုံးလည်း    ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- MyatThinzar KyawOnee’s And Zarni Myo Nyunt’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။