ပရိသတ်ကြီးရေ ကိုရီးယားက အဆိုတော်လေးတွေလား ထင်မှားရလောက်တဲ့ Project K အဖွဲ့ကို ပရိသတ်ကြီး သိမယ်ထင်ပါတယ်။သူတို့ အဖွဲ့လေးဟာ စည်းစည်းလုံးလုံးနဲ့ ကြိုးစားလာမှုကြောင့် ပရိသတ်လက်ခံလာပြီး အောင်မြင်နေတဲ့ Dancer အဖွဲ့လေးဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ အသဲကျော်လေးတွေ ဆိုလည်းမမှားပါဘူး။

Photo Credit : Project K Facebook Page
Photo Credit : Project K Facebook Page

K-pop အကကို ဦးစားပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်၊ စတိုင်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတာလည်းဖြစ်ပါတယ်။

Photo Credit : Project K Facebook Page
Photo Credit : Project K Facebook Page

သူတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေပါမက ဗီဒီယိုလေးတွေကို အမြဲဖော်ပြလေ့ရှိရာ အခုမှာတော့ ကိုရီးယားကိုရောက်ရှိနေတာဖြစ်ပြီး ဒီနေ့လေးမှာတော့ သူတို့ကိုချစ်တဲ့ ကိုရီးယားကပရိသတ်တစ်ယောက်က suprise gift လေးတွေလာပေးသွားရာ အံ့ဩပီတိဖြစ်ရကြောင်းကို "Wowwww !!! Korea က fan တစ်ယောက် ရောက်လာပြီး Surprise gift လေးတွေ လာပေးသွားတယ် ။ ကျွန်တော်တို့အတွက် တကယ်ကို အားဆေးလေးပါဗျာ အခုချိန် မြန်မာက Fan တွေအားလုံးလဲ ရင်ခုန်နေကြမယ်ထင်တယ် ... ကျွန်တော်တို့လဲ ရင်ခုန်နေကြပြီ Thz a lot our Korean Fan " ဆိုတဲစာလေးကို ပုံလေးတွေနဲ့တကွ သူတို့ရဲ့ ပေ့စ်လေးမှာဖော်ပြထားတာတွေ့ရပါတယ် ။ပုံလေးတွေကြည့်ပြီး ကိုယ်တွေပါ အပျော်တွေကူးစက်မိတာကြောင့် မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit : Project K Facebook Page
Photo Credit : Project K Facebook Page

Source & Photo Credit : Project K Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။