ကျော်ကျော် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ကိုယ်စီရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။ ။ သူတို့ နှစ်ယောက်ကတော့ လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေအပြင် ကြော်ငြာတွေကို ဆက်တိုက် ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ဒါ့အပြင် အမြဲလိုလို ပျော်ပျော်နေတတ်တဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းတွေကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။

Photo Credit - Hsu Myat Noe Oo fb account
Photo Credit - Hsu Myat Noe Oo fb account

လတ်တလော သူတို့ သူငယ်ချင်း နှစ်ယောက်ကတော့ ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတာ ကိုတွေ့ရပါတယ်။ မကြာခဏဆိုသလို သူငယ်ချင်းတွေရိုက်ကူးထားတဲ့ ရယ်မောစရာဟာသ ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာတော့ ဆုမြတ်နိုးဦး နဲ့ ကျော်ကျော် တို့ သူငယ်ချင်းနှစ်ယောက်က မွန်မြတ်တဲ့အလှူလေးကို ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Hsu Myat Noe Oo fb account
Photo Credit - Hsu Myat Noe Oo fb account

ဒီအလှူလေးကတော့ သူငယ်ချင်းနှစ်ယောက်က ဝေဠုကျော်တို့ ဖောင်ဒေးရှင်း မှVolunteerများအတွက် စားသောက်စရာလေးတွေ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဆုမြတ်နိုးဦး က "ကိုဝေဠုကျော်ဖောင်ဒေးရှင်းမှ Volunteer များအတွက် "QQ မြိတ်အစားအစာဆိုင်" မှ နေ့လည်စာ ကတ်ကြေးကိုက် နဲ့ ညနေစာ ငပိထမင်းကြော် ပွဲ(၅၀) နှင့် RoyalD အအေးကတ်များလှူဒါန်းပေးခဲ့ပါတယ်ရှင့် .." ဆိုပြီးရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ပေးခဲ့တဲ့ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးတို့ ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit - Hsu Myat Noe Oo fb account
Photo Credit - Hsu Myat Noe Oo fb account
Photo Credit - Hsu Myat Noe Oo fb account

Photo Credit - Hsu Myat Noe Oo fb account

Source - Hsu Myat Noe Oo fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။