ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ကြင်နာတတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းလွန်းတဲ့သမီးလေးတို့နဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူကတော့ စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။

စန္ဒီမြင့်လွင်ကတော့ အဆိုပိုင်းမှာလည်း အမိုက်စားသီချင်းကောင်းတွေကို သီဆိုတတ်တဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အ၀ ရရှိခဲ့တာဖြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သမီးငယ်လေး Treasureလေးဟာလည်း ဒီးဒီလိုမျက်နှာပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ကလေးလေးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်နှုတ်ခမ်းလေးစူပြီးလည်း ပို့စ်ပေးတတ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုရရှိနေတာပါနော်.....။

Treasureလေးရဲ့ ချစ်စရာပုံစံလေးတွေကို မေမေရော ဖေဖေရောကပါ မကြာခဏဆိုသလို social networkမှာတင်ပေးလေ့ရှိပါတယ်....။

အခုဆိုရင် ဖေဖေသီဟဟာ မေမေဒီးဒီနဲ့သမီးလေး Treasureရဲ့ ချစ်စရာပုံလေးတွေကို သူ့ရဲ့ Instagram accမှာတင်ပေးလာပါတယ်။ သားအမိနှစ်ယောက်သား ရုပ်ချင်းလေးတွေလည်း အတော်ဆင်ကြတာနော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source& photo credit- Thiha Lwin's Instagram acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။