ပရိသတ်ကြီးရေ.. အနုပညာလောကမှာ လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ ကြည်နူးအားကျစရာပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုအားကျနေကြရတဲ့ စုံတွဲလေးကတော့ မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေးပါပဲ..။

တစ်ယောက်နဲ့ တစ်ယောက် မြတ်နိုးကြင်နာကြတဲ့အပြင် ပွင့်ပွင့်လင်းလင်းရှိကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလေးကလည်း မြင်သူတိုင်းကို သဘောကျစေမှာ အမှန်ပါပဲနော်..။

Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page

မောင်ကတော့ Covid ရောဂါကူးစက်ခံရတာကြောင့် Qဝင်ခဲ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရောဂါပျောက်ကင်းကာ နေပြန်ကောင်းလာတာမို့ ချစ်သူနှစ်ဦးတွေ့ဆုံကာ နှစ်ယောက်အတူ Live လွှင့်ကာ ပရိသတ်တွေနဲ့ စကားပြေခဲ့ကြပါတယ်နော်..။

Qဝင်ခဲ့ရတာကြောင့် Anni နေ့လေးကျော်သွားပေမယ့် ချစ်သူနှစ်ဦးပြန်တွေ့ကြပြီး စကားတွေပြောနေကြတဲ့ မောင်နဲ့ ရီရီတို့ကတော့ တကယ်ကို ချစ်စရာကောင်းနေပါတယ်နော်..။

Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page

"ပြန်တွေ့ရပါပြီ.." ဆိုပြီး သူတို့ ချစ်သူနှစ်ယောက်ရဲ့ ချစ်စရာအခွီဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာဖြစ်ပြီး အားလုံးလည်း သဘောကျနေကြမှာပါနော်..။

ပရိသတ်ကြီးတို့အတွက် ဒီကနေ့လေးမှာတော့ ပရိသတ်တွေနဲ့ စကားတွေပြောနေကြတဲ့ မောင်နဲ့ ရီရီတို့ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကိူလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page

Source & Photo Credit - SEIN PHYO & YI's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။