မြန်မာသံစဥ်တေးသီချင်းတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ တေးသံရှင် ပန်းအိဖြူ ကို ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ သူမဟာ အလွမ်းအဆွေး သီချင်းတွေနဲ့ နားထောင်တဲ့ ပရိသတ်တွေရင်ထဲထိမှန်အောင် သီဆိုနိုင်တဲ့သူပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပန်းအိဖြူ က အနုပညာအလုပ်တွေကို အနည်းငယ်မျှသာ လုပ်ကိုင်နေပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

မကြာသေးမှီ ကလည်း ချစ်စရာကောင်းလွန်းတဲ့ သားဦးလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားခဲ့ပါတယ်။ ပထမဆုံးသားဦးလေးဖြစ်တာကြောင့် ဖေဖေမေမေတို့ ရဲ့ အသည်းကျော်လေးဖြစ်ပြီး ချစ်မဝဖြစ်နေခဲ့ပါတယ်။ ပန်းအိဖြူ ဟာ သူမရဲ့ သားလေးကို ပရိသတ်တွေ ချစ်အားပိုအောင် နေ့စဥ်အမျှ ပုံလေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

ယခုမှာလည်း ပန်းအိဖြူ ပရိသတ်တွေချစ်အားပိုလောက်အောင် သားလေးရဲ့ အသည်းယားစရာပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ သူမရဲ့သားလေးကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က တစ်လပြည့်ခဲ့ပြီး တစ်နေ့တခြားဆိုသလို ပါးဖောင်းဖောင်းလေး နဲ့ ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ကဲ...ပရိသတ်တွေလည်း အသက် တစ်လပြည့်သွားပြီ ဖြစ်တဲ့ ပန်းအိဖြူရဲ့ သားလေးကို ဝိုင်းချစ်ပေးပြီး ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

Photo Credit - Pann Ei Phyu Vocalist fb account

Source - Pann Ei Phyu Vocalist fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။