ပရိသတ်ကြီးရေ ဒါရိုက်တာမိုက်တီးကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါရိုက်တာမိုက်တီးတို့မောင်နှမသုံးယောက်လုံးက အနုပညာမှာပါရမီပါကြလို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ခဲ့ပါတယ်နော်။ဒါရိုက်တာမိုက်တီးနဲ့လင်းဇာနည်ဇော်ကတော့ ယနေ့ထိတိုင် အနုပညာအလုပ်တွေလုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Photo Credit:သန်းထွန်းဇော် Facebook Account
Photo Credit:Lwin Moe's Facebook Account

ဒါရိုက်တာမိုက်တီးက အကယ်ဒမီလွင်မိုးနဲ့လည်း ညီအစ်ကိုအရင်းတွေလို ခင်မင်ရင်းနှီးပြီး အနုပညာအလုပ်တွေလည်း အတူတူတွဲလုပ်ခဲ့တာဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလမှာတော့ လွင်မိုးက လိုအပ်တဲ့နေရာတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းနေတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း လွင်မိုးက ကိုဗစ်ကာကွယ်ကုသရေးစင်တာအတွက် သူ့ရဲ့ ပါရာဒီဆို ရုပ်ရှင်ရုံတွေကို လိုအပ်သလိုအသုံးပြုရန်လှူဒါန်းလိုက်တာဖြစ်ပါတယ်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:သန်းထွန်းဇော် Facebook Account
Photo Credit:သန်းထွန်းဇော် Facebook Account

ဒါရိုက်တာမိုက်တီးကတော့"ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လွင်မိုး ကလည်း ရန်ကုန်မြို့ရှိ ပါရာဒီဆို ရုပ်ရှင်ရုံများအား ကိုဗစ်ကုသရေးစင်တာများအဖြစ် လိုသလို အသုံးပြုနိုင်ရန် လှူဒါန်းကူညီလိုက်ပါတယ် ။ကျန်းမာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် နိုင်ငံတော်နဲ့ ပြည်သူအတွက် တစ်တပ်တအားပါပဲ၊သာဓု သာဓု သာဓုပါ"ဆိုပြီး ထပ်တူပျော်ရွှင်နေတာဖြစ်ပါတယ်။အခုလိုမျိုး ခက်ခဲနေကြတဲ့အချိန်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေကြတာ အရမ်းပီတိဖြစ်စရာပါပဲနော်။

Photo Credit:သန်းထွန်းဇော် Facebook Account
Photo Credit:သန်းထွန်းဇော် Facebook Account

Source&Photo Credit:သန်းထွန်းဇော်/Lwin Moe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။