မင်းသမီးချောလေးစန္ဒီမြင့်လွင်ကတော့ တစမချိန်ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အဆိုပိုင်းအပြင်သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

Photo Credit: Sandy Myint Lwin ' s Facebook Page
Photo Credit: Sandy Myint Lwin ' s Facebook Page

အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ချစ်ခင်ပွန်းသည်နဲ့အတူ ဖန်တီးတည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူမကတော့ မိသားစုကိုအချိန်ပေးလျက်ရှိနေပြီး သူမရဲ့သမီးလေးဖြစ်တဲ့ Treasureလေးကတော့ ပရိသတ်တွေအချစ်ပိုရတဲ့ ကလေးလေးပဲဖြစ်ပါတယ်။ သူမတို့မိသားစုလေးကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit: Sandy Myint Lwin ' s Facebook Page
Photo Credit: Sandy Myint Lwin ' s Facebook Page

Treasureလေးကတော့ ယခုမှာ မေမေပြောတဲ့ပုံစံအတိုင်း ကြက်သား၊ငါးဆိုပြီး ပီပီသသနဲ့ စကားပြောနေကာ အသည်းယားစရာကောင်းလွန်းနေတဲ့ ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။Treasureလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ စကားပြောနေတဲ့ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့သားအမိနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Sandy Myint Lwin ' s Facebook Page 

Photo Credit: Sandy Myint Lwin ' s Facebook Page
Photo Credit: Sandy Myint Lwin ' s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။