ကာရိုက်တာပေါင်းစုံကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးခင်လှိုင်ကတော့ သူရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ သမီးချော​လေး သဇင်ထူးမြင့်ကို အနုပညာလမ်းကြောင်းထက်ကို ချပြပေးခဲ့ပြီလည်း ဖြစ်ပါတယ်။ သဇင်ထူးမြင့်က ရိုးရှင်းအေးချမ်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အသားအရည်လေးကလည်း ဝင်းလဲ့တောက်ပလွန်းတာကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်နော်....။

Photo credit - Thazin Htoo Myint's facebook page

ရွှေကြိုမယ်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို စတင်လုပ်ကိုင်ခဲ့တဲ့ သဇင်ထူးမြင့်က နောက်ပိုင်းမှာတော့ သီချင်း MTVတွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးလာတာကို တွေ့ရပါတယ်။ သဇင်ထူးမြင့်က သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ တစ်နေ့တာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေလေ့ရှိသူတစ်ယောက်ပါ.။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက စောင်မျှော်အားပေးနေကြတာပါနော်။

Photo credit - Thazin Htoo Myint's facebook page

ယခုမှာလည်း သဇင်ထူးမြင့်က ခါတိုင်းနဲ့မတူပဲ အသစ်အဆန်းအနေနဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်.။ ဦးဆောင်းဦးလှိုင်ရဲ့ " ကျွန်တော့်အသည်း " သီချင်းလေးနဲ့ ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိရှိ လှရက်လွန်းနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာဖြစ်ပြီး " ဦးဆောင်းဦးလှိုင်ရဲ့ ‘ကျွန်တော့်အသည်း’ဒီသီချင်းလေးကို စပြီးနားထောင်တည်းက အရမ်းသဘောကျခဲ့မိလို့ အမှတ်တရလေးပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Thazin Htoo Myint's facebook page
Photo credit - Thazin Htoo Myint's facebook page

Source & Photo credit - Thazin Htoo Myint's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။