ပရိသတ်အချစ်တော် မင်းသမီးချောလေး မေထွဋ်ခေါင်ကတော့ ချစ်ခင်ပွန်းနဲ့အတူ နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ ကလေးနှစ်ယောက်မေမေဖြစ်နေပြီဖြစ်တဲ့ မေထွဋ်ခေါင်က သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကို ရရှိထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မေထွဋ်ခေါင်က မိသားစုဝင်အသစ်လေးဖြစ်လာမယ့် တတိယမြောက်ရင်သွေးလေးကိုပါ ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ် ။

Photo Credit-May Htut Khaung's FB Acc
Photo Credit-May Htut Khaung's FB Acc
Photo Credit-Caesar Nyi Nyi's FB Acc

မေထွဋ်ခေါင်က သူမကိုအရမ်းချစ်တတ်တဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရတာကြောင့် အိမ်ထောင်ရေးကံကောင်းနေတာလည်း ဖြစ်ပါတယ် ။ မေထွဋ်ခေါင်ရဲ့ခင်ပွန်းက ဇနီးသည်အပေါ်မှာရော ကလေးတွေအပေါ်မှာပါ တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်ပါတယ် ။ အခုလည်း မေထွဋ်ခေါင်က ချစ်ခင်ပွန်းရဲ့မေးခွန်းလေးကို ပညာသားပါပါလေးဖြေပြရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

Photo Credit-May Htut Khaung's FB Acc
Photo Credit-May Htut Khaung's FB Acc
Photo Credit-May Htut Khaung's FB Acc

မေထွဋ်ခေါင်က ရည်းစားဘယ်နှယောက်ထားခဲ့ဖူးသလဲဆိုတဲ့ ချစ်ခင်ပွန်းရဲ့မေးခွန်းကို အမှန်တိုင်းဖြေလိုက်တာပဲ ဖြစ်ပါတယ် ။ မေထွဋ်ခေါင်ရဲ့ခင်ပွန်းကတော့ ဇနီးသည်ပြောသမျှကို သဘောကျနှစ်ခြိုက်ပြီး ရယ်မောနေတာလည်း ဖြစ်ပါတယ် ။ ကဲ အပြန်အလှန်နားလည်မှုရှိပြီး အရမ်းချစ်ကြတဲ့ မေထွဋ်ခေါင်တို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-May Htut Khaung's FB Acc

Photo Credit-May Htut Khaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။