ပရိသတ်တွေရဲ့ အားပေးမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ဆက်လက်ရရှိနေသူကတော့ သရုပ်ဆောင် ကိုပေါက်ပဲ ဖြစ်ပါတယ်။ သူဟာ ဒါရိုက်တာအဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်အနုပညာအလုပ်ကိုမဆို စိတ်ပါဝင်စားစွာ လုပ်ကိုင်သူဖြစ်တာကြောင့်လည်း အားလုံးက ချီးကျုးနေကြတာပဲ ဖြစ်ပါတယ်။

Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account

ကိုပေါက်ဟာ ချစ်ရတဲ့ ဇနီး ၊ သားလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာလည်း အမြဲပျော်စရာကောင်းတာကြောင့်လည်း ပရိသတ်တွေက ကြည်နူးအားကျနေရတာပါ။ တစ်ခါတစ်ရံ ကိုပေါက်ရဲ့ Tik Tok များတွင်လည်း ကိုပေါက်ရဲ့ ဇနီးနဲ့ သားလေးတို့ပါ အတူပါဝင် သရုပ်ဆောင်ကြတာပါ။

Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဇနီးဖြစ်သူ မနီနီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မထက်ရောင်းချတဲ့ ပတ္တမြားနားကပ်ကို ခင်ပွန်းဖြစ်သူကို ပူဆာထားတာပဲ ဖြစ်ပါတယ်။ ကိုပေါက်ကလည်း ဒီပို့စ်အောက်မှာ သူ့ရဲ့ အခြေနေလေးကို အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။ " ရှာလို့ရသမျှသူ့လက်ထဲအပ်နေရတာကိုလာပြီး ပူဆာနေတယ်။ ကိုယ့်မှာတော့ Online သင်တန်းလေးတက်ချင်လို့ ၅၀၀၀၀ ပြန်တောင်းတာကို မပြီးနိုင်အောင် ပြောဆိုခံနေရတဲ့ ဘဝပါနော် ကြိုက်ရင်လည်း ကွကိုယ်ဝယ်ပေါ့ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htet Ni Ni And Aung Min Naing’s Facebook Account 

Photo Crd- Htet Ni Ni’s Facebook Account
Photo Crd- Htet Ni Ni’s Facebook Account
Photo Crd- Htet Ni Ni’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။