ချစ်ရတဲ့ ပရိသတ်ကြီးရေ... နိုင်ငံကျော် အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂရေဟမ်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ 

အနုပညာအလုပ်တွေကို ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်လုပ်ကိုင်နေတဲ့ ဂရေဟမ်က အောင်မြင်မှုတွေကိုလည်း တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူပါ။

Photo credit - ya wai
Photo credit - ya wai

ဂရေဟမ်က သူရဲ့ သမီးလေးနှစ်ယောက်ကိုလည်း အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်စေပြီး အောင်မြင်မှုများရရှိအောင် ကူညီထောက်ပံ့ပေးနေတာကိုလည်း တွေ့ရပါတယ် ။

သူရဲ့ သမီးကြီးဖြစ်တဲ့ ပန်းရောင်ခြယ်ကလည်း ဖခင်ရဲ့ အနုပညာအမွေကို ထိုက်ထိုက်တန်တန်ရရှိထားပြီး သာယာချိုမြတဲ့ အသံလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo credit - ya wai
Photo credit - ya wai

အဆိုပိုင်းမှာသာမကပဲ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်လွန်းတဲ့ ပန်းရောင်က ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ယနေ့မှာတော့ ပန်းရောင်က ပုရိသပရိသတ်တွေ ရင်ခုန်သွားရလောက်အောင် အပြုံးချိုချိုလေးတွေနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာရင် " ပျော်စရာ အပြည်ပြည်ဆိုင်ရာ မိန်းက​လေးများ​နေ့ပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - ya wai
Photo credit - ya wai
Photo credit - ya wai
Photo credit - ya wai

Source - Pan Yaung Chel's Facebook Account 

Photo credit - ya wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။