ပရိသတ်ကြီးရေ အဆိုတော်အာဘွိုင်းကတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး ချစ်ဇနီးနဲ့အတူ Vlogလေးတွေရိုက်ကူးနေတာဖြစ်ပါတယ်။အာဘွိုင်းတို့ဇနီးမောင်နှံနှစ်ယောက်လုံးက အေးအတူပူအမျှနဲ့လက်တွဲကြပြီး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပါတယ်နော်။သူတို့ဇနီးမောင်နှံနှစ်ယောက်မှာ ချစ်စရာသမီးလေးလည်းရှိလို့ မိသားစုတွေပျော်ရွှင်စွာနေထိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Our Travel Diaries's Facebook page
Photo Credit:Our Travel Diaries's Facebook page
Photo Credit:Our Travel Diaries's Facebook page

မြတ်ရတနာကျော်ကလည်း ဇနီးကောင်းပီသစွာနဲ့ မိသားစုကို လိုလေသေးမရှိအောင် ဂရုစိုက်ပေးပါတယ်နော်။အခုလိုကိုဗစ်ကာလမှာတော့ မြတ်ရတနာကျော်တို့မိသားစုလည်း အိမ်ထဲမှာပဲ အေးအေးချမ်းချမ်းနေထိုင်နေကြတာဖြစ်ပါတယ်။သူတို့ဇနီး‌မောင်နှံနှစ်ယောက်ကတော့ ကိုဗစ်အတွက်လည်း တတ်နိုင်သလောက်ကို ပါဝင်လှူဒါန်းမှုတွေပြုနေတာဖြစ်ပါတယ်နော်။

Photo Credit:Our Travel Diaries's Facebook page
Photo Credit:Our Travel Diaries's Facebook page
Photo Credit:Our Travel Diaries's Facebook page

အာဘွိုင်းက"ရန်ကုန်မှာ မနေ့ကမှဖွင့်လိုက်တဲ့ Inya Centre ဆိုတဲ့ COVID လူနာတွေကိုထားတဲ့ နေရာမှာ ကျွန်တော်တို့ ရဲ့ Southern Myanmar Development - SMD Company အနေနဲ့ ငွေကျပ် သိန်း (၅၀) နှင့် ရေသန့် ဗူး (၂၆၀၀) လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒီလိုချိန်မှာ ဒီလို Centre တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်‌တော်တို့ အရမ်းကို ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ OTD ပရိသတ်တွေလည်း ကျွန်တော်တို့နဲ့အတူ သာဓုခေါ်နိုင်ကြပါစေခင်ဗျာ။ အားလုံးပဲ ကျန်းမာချမ်းသာကြပြီး ကပ်ဆိုးကြီးဘေးမှကင်းလွတ်နိုင်ကြပါစေလို့လည်း တူတူဆုတောင်းလိုက်ကြရအောင်... "ဆိုပြီး အလှူပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Our Travel Diaries's Facebook page
Photo Credit:Our Travel Diaries's Facebook page
Photo Credit:Our Travel Diaries's Facebook page

Source&Photo Credit:Our Travel Diaries's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။