ပရိသတ်ကြီးရေ.....ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ အိအိတုန်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည် အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အိအိတုန်ဟာ online shoppingလုပ်နေတာဖြစ်ပြီး စီးပွားရေးဘက်ကိုအာရုံစိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်နော်။

photo credit-Ei Tone's Facebook acc
photo credit-Ei Tone's Facebook acc

အိအိတုန်ဟာ အနုပညာလှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေကသူမကို အချစ်မလျော့ပဲချစ်ခင်အားပေးနေကြတာပါ။ အခုဆိုရင်လည်း အိတုန်ဟာ ကြည်နူးချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေးတစ်ယောက်အပြင် ဒုတိယမြောက် ရင်သွေးလေးကိုပါလွယ်ထားရပြီဖြစ်ပါတယ်နော်။ အိအိတုန်ရဲ့ခင်ပွန်းဖြစ်သူဟာလည်း မိသားစုအပေါ်အရမ်းဂရုစိုက်ပြီး တာ၀န်ကျေတဲ့သူဖြစ်တာကြောင့် အိအိတုန်တစ်ယောက်စိတ်ချမ်းသာနေရတာပါနော်။

photo credit-Ei Tone's Facebook acc
photo credit-Ei Tone's Facebook acc

ခင်ပွန်းဖြစ်သူဟာ အစစအရာရာဂရုစိုက်တတ်တဲ့သူဖြစ်ကြောင်းကိုလည်း အိတုန်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "အားကိုးရတဲ့ကျားကျားသမီးလေးကိုစိတ်ရှည်လက်ရှည်ကျွှေးပေးနေတာမမဗိုက်လေးကိုအထူးဂရုစိုက်ပေးလို့ကျေးဇူးပါဖေရောမေရောတအိမ်လုံးရဲ့ဂရုစိုက်ခြင်းခံရတဲ့မမဗိုက်လေးကျေးဇူးပါ" ဆိုပြီး သားအဖနှစ်ယောက်ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

photo credit-Ei Tone's Facebook acc
photo credit-Ei Tone's Facebook acc

Source& photo credit-Ei Tone's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။