ကမ္ဘာပေါ်က နိုင်ငံတော်တော်များများမှာတော့ သာမန်နဲ့မတူညီပဲ ထူးထူးဆန်းဆန်းပုံစံတွေနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေများစွာရှိကြပါတယ်။

အဲ့ဒီလိုများစွာရှိတဲ့ထဲကမှ ပရိသတ်တွေ ဒီတစ်ခေါက်မှာဆိုရင် ရေသူမလို ခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

Shiloh Pepin
Shiloh Pepin

1. Shiloh Pepin

Shiloh Pepin ကတော့ 1999 ခုနှစ် အောက်တိုဘာလ 23 ရက်နေ့မှာ အမေရိကန်နိုင်ငံ Kennebunkport မှာမွေးဖွားခဲ့တာပါ။

Pepin ဟာသူမဘဝတစ်လျှောက် ရေသူမလိုဖြစ်နေတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြောင့် ခက်ခဲမှုတွေများစွာရှိခဲ့ပေမယ့် အကောင်းမွန်ဆုံးနေထိုင်ခဲ့ပြီး စိတ်မကောင်းစွာနဲ့ပဲ အသက် 10 နှစ်အရွယ်မှာတင် သေဆုံးသွားခဲ့ပါတယ်။

နောက်ရက်ပိုင်းလောက်ဆိုရင်လည်း Pepinလေးသာအသက်ရှိနေဦးမယ်ဆိုရင် သူမရဲ့မွေးနေ့က ကျရောက်တော့မှာပါ။

Milagros Cerron
Milagros Cerron

2.Milagros Cerron

Milagros Cerron ကတော့ 2004 ခုနှစ် 4 လပိုင်း 27 ရက်နေ့က Peru နိုင်ငံမှာမွေးဖွားခဲ့တာပါ။

Cerron ဟာ အခြားသူတွေနဲ့မတူဘဲ သူမရဲ့ ရေသူမလိုဖြစ်နေတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ခွဲစိတ်ပြီး သာမန်လူတစ်ယောက်နီးပါးလို နေထိုင်နိုင်ခဲ့ပေမယ့် သက်ဆိုးမရှည်ခဲ့ပါဘူး။

သူမ အသက် 15 နှစ်အရွယ်မှာ ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

Maskura

3.Maskura

Maskura ကတော့ Inidia နိုင်ငံ မှာမွေးဖွားခဲ့တဲ့ ကလေးငယ်လေးတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီကလေးဟာ လည်း မွေးဖွားလာထဲက သူ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ ရေသူမကဲ့သို့ ဖြစ်နေခဲ့တာဖြစ်ပြီး ကံတော့အရမ်းမကောင်းခဲ့ရှာပါဘူး။

ဒီကလေးဟာ မွေးဖွားပြီးချင်း လေးနာရီလောက်အကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

တကယ်တော့ ဒီကလေးငယ်လေးတွေအားလုံးဟာ Sirenomelia လို့ခေါ်တဲ့ Mermaid Syndrome ဝေဒနာ ကိုခံစားခဲ့ကြရတဲ့ သနားစရာကလေးငယ်လေးတွေပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရော ဒီကလေးငယ်လေးတွေကို မသနားကြဘူးလား။

Source-foxnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။