အဆိုတော် ပိုပိုကတော့ ယောက်ျားလေးပရိသတ်တွေတော်တော်များများရဲ့သည်းသည်းလှုပ် ဝန်းရံအားပေးမှုကို ရရှိထားတဲ့ မိန်းမလှလေးတစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ ပိုပိုက သီချင်းဆိုကောင်းသလို ရုပ်ရည်ရူပါကလည်း ချောမောလှပတာကြောင့် ပရိသတ်တွေက သူမကိုကြွေနေရတာ ဖြစ်ပါတယ် ။ တစ်နေ့တခြားပိုလှလာတဲ့ ပိုပိုက ဖက်ရှင်တွေအစ အမြဲတမ်းခေတ်မီဆန်းသစ်ပြီး လှချင်တိုင်းလှနေတာ ဖြစ်ပါတယ် ။

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page

လတ်တလောမှာတော့ ပိုပိုက သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးနေသလို Cover Song တွေသီဆိုပြီး ဗီဒီယိုတွေ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ပိုပိုက အခုလည်း Tik Tok Video အသစ်လေးကို တင်ပေးလိုက်တာ ဖြစ်ပါတယ် ။ ပိုပိုကတော့အမိုက်စားဖက်ရှင်လေးကိုဝတ်ဆင်ပြီး ဟန်ပန်အမူအရာအပြည့်နဲ့ သရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-"ဝတ်ရည်မိုး" FB Acc
Photo Credit-"ဝတ်ရည်မိုး" FB Acc
Photo Credit-Wityipo's Tik Tok Acc

ဒါ့အပြင် ပိုပိုက ဆွဲဆောင်မှုရှိတဲ့ပုံစံလေးနဲ့ ထိုင်နေပြီး အပီအပြင် Tik Tok ကစားထားတာ ဖြစ်ပါတယ်နော် ။ ညှို့အားပြင်းပြင်းလှနေတဲ့ ပိုပိုရဲ့စတိုင်လ်လေးကတော့ ခဏခဏပြန်ကြည့်ချင်လောက်အောင်ကို အပြတ်အသတ်ဂေါ်နေတာလည်း ဖြစ်ပါတယ် ။ ကဲ အထာကျကျလန်းနေတဲ့ အဆိုတော် ပိုပိုရဲ့Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Wityipo's Tik Tok Acc

Photo Credit-Wityipo's Tik Tok Acc
@wutyipo

WTF

Originalton - _anni_

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။