ချစ်ရတဲ့ ပရိသတ်ကြီးရေ... သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ်ကတော့ ဗီလိန်ကာရိုက်တာလေးနဲ့ လူသိများအောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သူလေးပါနော်။ တစ်ကားနဲ့တစ်ကား မတူညီတဲ့ ကာရိုက်တာလေးတွေကို ရွေးချယ်သရုပ်ဆောင်တတ်တဲ့ သူမက မကြာသေးမီက ပြီးဆုံးသွားတဲ့ " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။

Photo credit - Than Thar Moe Theint's Facebook Account
Photo credit - Than Thar Moe Theint's Facebook Account

သံသာမိုးသိမ့်က သရုပ်ဆောင်ပီပြင်ကောင်းမွန်ရုံသာမကပဲ လူမှုရေးမှာလည်း ပေါင်းသင်းဆက်ဆံတတ်သူဖြစ်လို့ လူချစ်လူခင်ပေါများပါတယ်နော်။ ဖြူစင်ရိုးသားတဲ့ စိတ်ထားလေးကြောင့် လူအများရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ သံသာက အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော အလှူပြုတတ်သူပါနော်။ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း စောင့်ကြည့်အားပေးနေကြတဲ့ ပရိသတ်တွေအတွက် ပုံလေးတွေကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိသူပါနော်။ 

Photo credit - Than Thar Moe Theint's Facebook Account
Photo credit - Than Thar Moe Theint's Facebook Account

ယနေ့မှာလည်း မင်းသမီးချောလေး သံသာမိုးသိမ့်က " အဖော်လုပ်ပေးမယ့်သူမရှိတဲ့ တစ်နေ့ပြီးတစ်နေ့များ " ဆိုတဲ့ စာသားလေးအပြင် အိမ်နေရင်း ဖက်ရှင်လေးနဲ့ ရိုးရိုးရှင်းရှင်း ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံရိပ်လှလှလေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပါ။ ချစ်ရတဲ့ ပရိသတ်တွေလည်း မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Than Thar Moe Theint's Facebook Account

Source & Photo credit - Than Thar Moe Theint's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။