ပရိသတ်များရဲ့ချစ်ခင်အားပေးခြင်းများစွာကို ရရှိထားတဲ့ ခင်ဝင့်ဝါတစ်ယောက်ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်း ပုရိသတွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမကပဲ အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်.....။

Photo credit - Khin Wint Wah's FB account
Photo credit - Khin Wint Wah's FB account

ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက အသဲစွဲနေတာ အသေအချာပါပဲ​နော်။ 

Photo credit - Khin Wint Wah's FB account
Photo credit - Khin Wint Wah's FB account

လတ်တလောမှာလည်း ခင်ဝင့်ဝါက စူးရှတဲ့ အကြည့်လေးတွေနဲ့ ကြည့်ကာ အထာကျကျပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ လူငယ်ဆန်ဆန် ဖက်ရှင်လေးဝတ်ကာ ချစ်စရာအရမ်းကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ရိုက်ထားတဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။

Photo credit - Khin Wint Wah's FB account
Photo credit - H & T photography

Source & Photo credit - Khin Wint Wah's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။