ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့ ထပ်တန်းကနေ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကလည်း အပါအဝင်ပါပဲ..။

ကျော့ရှင်းပြီး မြင်သူတိုင်းလည်ပြန်ငေးရလောက်အောင် ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ကောင်းတာတွေကြောင့်လည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားကာ ပရိသတ်တွေရဲ့ စိတ်ဝင်တစားအားပေးစောင့်ကြည့်မှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Moe Hay Ko's Fb Page
Photo Credit - Moe Hay Ko's Fb Page

ပရိသတ်တွေ တစ်ခဲနက်အားပေးချစ်ခင်ကြရတဲ့ မိုးကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာ Covid ကပ်ရောဂါ ခုခံကာကွယ်ရေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

ရန်ကုန်ဆေးရုံကြီးမှာ လိုအပ်နေတဲ့ PPE ဝတ်စုံတွေကို လှူဒါန်းခဲ့တာ ဖြစ်ပြီး သူမရဲ့ သာဓုခေါ်စရာအလှူလေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါသေးတယ်နော်..။

Photo Credit - Moe Hay Ko's Fb Page
Photo Credit - Moe Hay Ko's Fb Page

"မိုး ရန်ကုန်ဆေးရုံကြီးမှာ PPE တွေလိုနေ တယ်ကြား‌တော့ နိုင်သလောက်‌လေး သွားလှူဖြစ်တယ်။ Covid-19 ကပ်ရောဂါကို ရှေ့တန်းကနေ ရွံရွံချွံချွံကာကွယ်ခုခံပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် မိုးတတ်နိုင်တဲ့ ဘက်ကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကူညီပေးတာပါ။

မြန်မာနိုင်ငံကြီး ကပ်ရောဂါဆိုး‌ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းရင်းနဲ့ မိုးချစ်တဲ့ ရှင်တို့လေးတွေကိုလည်း မိုးရဲ့ ကုသိုလ်အတွက် အမျှပေးဝေပါတယ်ရှင် ဘာလို့လည်းဆိုတော့ ဒီအလှူက မိုးနဲ့ မိုးကိုချစ်တဲ့ ပရိသတ်တွေအားလုံးရဲ့ အလှူဖြစ်လို့ပါ.." ဆိုပြီး သူမရဲ့အလှူလေးကို ဝေမျှရင်း ပရိသတ်တွေအတွက်လည်း ဆုတောင်းစကားလေးဆိုထားပါသေးတယ်နော်..။

Photo Credit - Moe Hay Ko's Fb Page
Photo Credit - Moe Hay Ko's Fb Page

Source & Photo Credit - Moe Hay Ko's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။