ပရိသတ်ကြီးရေ.. အေးချမ်းရိုးရှင်းတဲ့ မြန်မာဆန်ဆန်အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ တကျော့ပြန်ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောကတော့ အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်နော်..။

မအေးသောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အသည်းကျော်လေး သူမကတော့ အချိုးအစားကျပြီး ညို့အားပြင်းပြင်း ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

Photo Credit - Aye Thaung's Fb Account
Photo Credit - Aye Thaung's Fb Account

ပရိသတ်အချစ်တော်လေး မအေးသောင်းကတော့ Tik Tok လေးတွေလည်း မကြာခဏဆော့ကစားတတ်ပြီး အခုလို Stay home ကာလလေးမှာလည်း သူမရဲ့ Tik Tok လေးကို ဝေမျှထားပြန်ပါတယ်နော်..။

မကြာခင်မှာ ကျရောက်တော့မယ့် သီတင်းကျွတ်ပွဲတော်လေးအတွက် Tik Tok လေးဆော့ကစားထားတာဖြစ်ပြီး အခုလို covid ကပ်ရောဂါဆိုးကြောင့် ပွဲတော်တွေ မကျင်းပရပေမယ့်လည်း အိမ်မှာနေရင်း မီးလေးထွန်းကာ သီတင်းကျွတ်လေးကို ဖြတ်သန်းတဲ့ပုံလေးကို ရိုက်ကူးထားတာပါနော်..။

Photo Credit - Aye Thaung's Fb Account
Photo Credit - Aye Thaung's Fb Account

"သီတင်းကျွတ်တော့မယ်.." ဆိုပြီး သီတင်းအမှတ်တရလေးအဖြသ် ရိုက်ကူးဆော့ကစားထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေထားတာ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းသလို ကြည်နူးစရာလည်းကောင်း သီတင်းကျွတ်ပွဲတော်လေးအတွက် ရိုက်ကူးဆော့ကစားထားတဲ့ မအေးသောင်းရဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit - Aye Thaung's Fb Account

Source & Photo Credit - Aye Thaung's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။