အလှကြိုက်တာကတော့ မိန်းကလေးတင်မကဘူး ယောကျာ်းလေးတွေလည်း အလှအပကို ဂရုစိုက်လာကြပါပြီ။ ခေတ်တွေပြောင်းလဲတိုးတက်လာတာနဲ့အမျှ အလှအပဆိုတာ လူတိုင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာပါတယ်။ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြတဲ့အခါ မျက်နှာအနေအထားကို အရင်ဆုံးအကဲခတ်ကြည့်ကြတာပါ။ ဒ့ါကြောင့် ကိုယ့်ရဲ့ မျက်နှာမှာ ဝက်ခြံပေါက်နေလို့ လူတောမတိုးရဲ မဝံ့မရဲ ဖြစ်နေသူတွေလည်း ရှိမှာပါ။ ဒါဆိုရင် ဝက်ခြံမပေါက်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ အရင်ဆုံး သိထားဖို့လိုလာပါပြီ...Dr Myanmar က ဆရာဝန်များပြောထားတဲ့ နညး်လမ်းလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

မျက်နှာကိုလက်ဖြင့် မကြာခဏကိုင်တွယ်ခြင်းကိုရှောင်ကြဉ်ပါ။ လက်ဖြင့်အကြာခဏကိုင်တွယ်ခြင်းက အဆီထွက်ရှိမှုကို အားပေးပြီး ဘက်တီးရီးယားပိုးမွှားတွေကို ပိုမိုပေါက်ဖွားစေပါတယ်။

ဆံသားအတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းများကို သုံးစွဲရာမှာအဆီပါဝင်မှုကင်းတဲ့ ထုတ်ကုန်များကိုသာရွေးချယ်ပေးပါ။ ထုတ်ကုန်မှာပါဝင်တဲ့အဆီတွေက ဆံသားမှတဆင့်မျက်နှာပေါ်တွင် ကပ်ညှိနေနိုင်ပြီး ချွေးပေါက်တွေပိတ်ဆို့စေတာကြောင့် ဖြစ်ပါတယ်။ မျက်နှာသစ်ရာမှာ လက်ချောင်းထိပ်ကိုအသုံးပြုပြီး ညင်သာစွာသစ်ပေးပါ။

သတင်းအရင်းမြစ် Dr. Htet Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။