ဘောလုံးပြိုင်ပွဲတွေဟာဆိုရင် ကမ္ဘာပေါ်မှာ လူကြည့်များတဲ့ အားကစားပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။ လူကြည့်များတဲ့ ပြိုင်ပွဲဖြစ်သလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အားကစားလဲဖြစ်ပါတယ်။ ကစားသမားတွေက skill ရှိပေမယ့် တစ်ခါတစ်လေမှာ အနီကဒ်ယူပြီး တစ်ဖက်အသင်းရဲ့ အဓိက ကစားသမားတွေကို ကန်မရအောင် ကြမ်းကြလေ့ရှိတက်ပါတယ်။ ခုအောက်မှာဆိုရင်လဲ မထင်မှတ်ထားတဲ့အကွက်တွေနဲ့ ကြမ်းတမ်းခဲ့တဲ့ ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။ 

Vinnie Jones

ဖော်ပြထားတဲ့ပုံဟာဆိုရင် Iconic ပုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပုံကတော့ Vinnie တစ်ယောက် Gazza ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာ တွေ့ရှိရမှာဖြစ်ပါတယ်။ 

Duncan Ferguson 

ဒီပုံကတော့ ဘောလုံးပွဲတွေထဲမှာ ကြောက်စရာကောင်းတဲ့ ပွဲတွေထဲက တစ်ပွဲဖြစ်ပါတယ်။ Ferguson ဟာ တစ်ဖက်ကစားသမားကို လည်ပင်း ညစ်နေတာတွေ့ရှိရမှာပါ။ အဲ့ထက်ဆိုးတာက သူဟာ Captain လက်ပတ်ဝတ်ထားခြင်းဖြစ်ပါတယ်။ အများအားဖြင့် Captain တော်တော်များများက ရန်မဖြစ်အောင် အသင်းသားတွေကို မလွန်မိအောင် ပြုလုပ်တက်ကြပေမယ့် သူအလှည့်မှာတော့ တွေ့ရတဲ့အတိုင်း ကြမ်းတမ်းခဲ့ပါတယ်။

Joey Barton 

Joey Barton ကတော့ Balotelli, Westwell, နဲ့ Gervinho တို့ကိုထိုးခဲ့ဖူးပါတယ်။ ဘောလုံးကန်တာထက် လက်ဝှေ့ထိုးရတာ ပိုကြိုက်သလားပဲ။

Eric Cantona 

ပုံထဲမှာ ပရိသတ်ကြီး တွေ့တဲ့အတိုင်း Cantona တစ်ယောက် မန်ယူမှာကစားခဲ့စဉ်က Crystal Palace ပရိသတ်တစ်ယောက်ကို Fly Kick နဲ့ ကန်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာလဲ သူ့ကိုလူသိပိုများလာစေခဲ့ပါတယ်။  

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။