အနုပညာလောကမှာ ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင် အားပေးမှုတွေကို အခိုင်အမာရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုပဲ ဖြစ်ပါတယ်။ သူမဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့ရာမှာလည်း အောင်မြင်မှုတွေ များစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မိုးရဲ့ အေးချမ်းလွန်းတဲ့ ပုံစံလေးနဲ့ သူမရဲ့ အပြုံးချိုချိုလေးတွေဟာလည်း မြင်ရသူတိုင်းကို မချစ်ဘဲ မနေနိုင်အောင်ကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

Photo Crd- Moe Hay Ko’s Facebook page
Photo Crd- Moe Hay Ko’s Facebook page
Photo Crd- Moe Hay Ko’s Facebook page

သူမဟာ မိဘတွေအပေါ်မှာလည်း အရမ်းကို သိတတ်လိမ္မာလွန်းတဲ့ သမီးအလိမ္မာလေး တစ်ယောက်လည်း ဖြစ်ပါတယ်။ မိုးကတော့ လတ်တလော Stay Home ကာလမှာ အိမ်မှာဘဲ အေးအေးဆေးဆေးအနားယူကာ အပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တစ်နေ့တာ နေထိုင်ပုံလေးတွေကို Vlog လေးရိုက်ကူးထားပြီး ပရိသတ်တွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Moe Hay Ko’s Facebook page
Photo Crd- Moe Hay Ko’s Facebook page
Photo Crd- Moe Hay Ko’s Facebook page

မိုးကလည်း " မိုးကိုယ်တိုင် ပထမဆုံးအနေနဲ့ ကင်မရာကိုင်ပြီးတော့ ရိုက်ထားတဲ့

"Stay Home မှာ မိုးရဲ့တစ်နေ့တာ" Vlog လေးကို မိုးနဲ့ ရှင်တို့လေးတွေနဲ့ တူတူကြည့်ကြမယ်နော်။ “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moe Hay Ko’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။