ပရိသတ်ကြီးရေ အဆိုတော် ခင်ဘုဏ်းကတော့ ဟိုးအရင်တုန်းကဆိုရင် လူငယ်ကြိုက်တေးသံရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်နော်။လက်ရှိမှာလည်း ခင်ဘုဏ်းတို့ (No)အဖွဲ့ရဲ့ တေးသီချင်းလေးတွေက နားထောင်လို့ကောင်းနေဆဲဖြစ်လို့ ယနေ့ခေတ်လူငယ်တွေတောင် ကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ခင်ဘုဏ်းက မိသားစုနဲ့အတူ USမှာ နေထိုင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Khin Bhone Pyi's Facebook Account
Photo Credit:Khin Bhone Pyi's Facebook Account
Photo Credit:Khin Bhone Pyi's Facebook Account

ခင်ဘုဏ်းက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပေမယ့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုတော့ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ခင်ဘုဏ်းက မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေပြီး သူမရဲ့ခင်ပွန်းကလည်း ယောက်ျားကောင်းတစ်ယောက်ပီသပါတယ်နော်။ခင်ဘုဏ်းတို့အိမ်ထောင်ရေးလေးက သာယာစိုပြေပြီး တည်ငြိမ်အေးချမ်းလို့ အရမ်းအားကျဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်။

Photo Credit:Khin Bhone Pyi's Facebook Account
Photo Credit:Khin Bhone Pyi's Facebook Account

အခုဆိုရင်တော့ ခင်ဘုဏ်းတို့ဇနီးမောင်နှံနှစ်ယောက်က Washington DC ကို ကားမောင်းပြီးအလည်သွားကြတာဖြစ်ပါတယ်။ခင်ဘုဏ်းက"Washington DC မှာ ရွှေဖရုံသီးတွေ ရောင်းတဲ့ farmer market လေး တွေ့လို့ ဝင်ကြည့်ခဲ့ပါတယ် ရွှေဖရုံသီးကြီးတွေက ချစ်စရာကြီးတွေ မမခင် ဝယ်တော့ မဝယ်လာခဲ့ဘူး အလေးကြီးတွေ ပဲလေ ခရီးဝေး မောင်းပြန်ကြရမှာ မို့"ဆိုပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Khin Bhone Pyi's Facebook Account
Photo Credit:Khin Bhone Pyi's Facebook Account
Photo Credit:Khin Bhone Pyi's Facebook Account

Source &Photo Credit:Khin Bhone Pyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။