မင်းသမီးချောလေး နှင်းဝတ်ရည်သောင်းကတော့ တစ်ခေတ်တစ်ချိန်တုန်းက အနုပညာလောကမှာ လူကြိုက်များအောင်မြင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ် ။ နှင်းဝတ်ရည်သောင်းက သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့နဲ့ ညီအစ်မတော်စပ်တဲ့ နှင်းဝတ်ရည်သောင်းက အကြီးဆုံးအစ်မလည်း ဖြစ်ပါတယ် ။

Photo Credit-Hnin Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc

လက်ရှိမှာတော့ နှင်းဝတ်ရည်သောင်းက လန်ဒန်နိုင်ငံမှာ အခြေချနေထိုင်ပြီး အလုပ်တွေလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေနဲ့ဝေးကွာနေခဲ့တဲ့ နှင်းဝတ်ရည်သောင်းကိုတော့ ပရိသတ်တွေကလည်း အခုချိန်အထိ အားပေးနေကြဆဲ ဖြစ်ပါတယ် ။ အခုလည်း နှင်းဝတ်ရည်သောင်းက အမိုက်စားပုံစံနဲ့ ရိုက်ကူးထားတဲ့ သူမရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Hnin Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc

နှင်းဝတ်ရည်သောင်းကတော့ လန်ဒန်နိုင်ငံရဲ့လမ်းမတစ်နေရာမှာ ကြွကြွရွရွပုံစံလေးနဲ့ စတိုင်လ်ကျကျ လမ်းလျှောက်ပြီး Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ် ။ ခန္ဓာကိုယ်လေးကိုတစ်ပတ်လှည့်ကာ ပို့စ်တွေပေးနေတဲ့ နှင်းဝတ်ရည်သောင်းက နေကာမျက်မှန်လေးနဲ့ အထာကျနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နှင်းဝတ်ရည်သောင်းရဲ့Tik Tok Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Hnin Thaung's FB Acc

Photo Credit-Hnin Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။