ပရိသတ်ကြီးရေ ဖြူဖွေးနုဖက်နေတဲ့ အသားအရေလေးအပြင် စမတ်ကျတဲ့ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ ဆွဲဆောင်မှုရှိနေတဲ့အလှတရားလေးတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မော်လ်ဒယ်သရုပ်ဆောင် နွယ်နွယ်ထွန်းပဲဖြစ်ပါတယ်။ သူမဟာ လူမှုကွန်ယက်စာမျက်နှာမှာ အလန်းစား ပုံရိပ်လေးတွေနဲ့ လူသိများလာခဲ့ပြီး ယောကျာ်းလေး ပရိသတ်တွေရဲ့အသည်းတွေကို လှုပ်ခါနိုင်ခဲ့တဲ့ မော်လ်ဒယ် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ နွယ်နွယ်ထွန်းဟာ ကြော်ငြာတေနဲ့ photo shootingတွေလည်း ရိုက်ကူးထားနေတာကို တွေ့ရပါတယ်။

Photo Credit - Nwe Nwe Tun fb account
Photo Credit - Nwe Nwe Tun fb account

ဒါ့အပြင် သူမ ဝတ်ဆင်တဲ့ ဖက်ရှင်ဝတ်စုံလေးတွေကလည်း တမူထူးခြားတဲ့ဖက်ရှင်ဒီဇိုင်းလေးတွေကို ပိုမို စမတ်ကျကျ ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာတော့ ကျန်းမာရေးအတွက် နွယ်နွယ်ထွန်းက ပြင်းထန်တဲ့လေ့ကျင့်မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ယခုမှာဆိုရင်လည်း နွယ်နွယ်ထွန်း ဟာ ပရိသတ်တွေ အံ့အားသင့်စေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nwe Nwe Tun fb account
Photo Credit - Nwe Nwe Tun fb account

ဒီဗီဒီယိုလေးထဲမှာတော့ နွယ်နွယ်ထွန်းက သာမန်မိန်းကလေးတွေ မလုပ်နိုင်လောက်တဲ့ ကစားနည်းတစ်ခုကို လုပ်ပြခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းတာကတော့ လေပေါ် ခြေထောက်နှစ်ချောင်းမြှောက်ပြီး မိနစ်တော်တော်ကြာကြာ ထိန်းထားနိုင်တာကို တွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ သာမန်မိန်းကလေးတွေ မလုပ်နိုင်လောက်တဲ့ အားကစားနည်းကို လုပ်ပြခဲ့တဲ့ နွယ်နွယ်ထွန်းရဲ့ အမိုက်စားဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nwe Nwe Tun fb account

Video & Source - Nwe Nwe Tun fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။