ဇာတ်ပို့သရုပ်ဆောင် နိုင်လူကတော့ လူကြမ်းဇာတ်ရုပ်တွေနဲ့ ဗီလိန်ဇာတ်ရုပ်တွေကို သဘာဝကျပီပြင်လာအောင် အကောင်းဆုံးဖန်တီးနိုင်သူ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နိုင်လူက ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ အနုပညာအရည်အချင်းပြည့်ဝပြီး သရုပ်ဆောင်တော်တဲ့ နိုင်လူက ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးခြင်းကို ရရှိထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Naing Lu's FB Acc
Photo Credit-Naing Lu's FB Acc
Photo Credit-Naing Lu's FB Acc

နိုင်လူက ကိုယ်ပိုင်မိသားစုဘဝလေးကို ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ နိုင်လူတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့စုံတွဲလေးလည်း ဖြစ်ပါတယ် ။ အခုလည်း နိုင်လူက သူချစ်ရတဲ့ဇနီးချောလေးအတွက် အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Naing Lu's FB Acc
Photo Credit-Naing Lu's FB Acc
Photo Credit-Naing Lu's FB Acc

နိုင်လူက "မွေးနေ့မင်္ဂလာဆုတောင်းပါသည် ယနေ့ချစ်ရသည့်ဇနီးမွေးနေ့မှစ၍စိတ်ချမ်းမြေ့ပါစေ အသက်ရှည်အနာကင်းမဲ့၍ ဘာသာ သာသနာအကျိုးကို ဆပိုးထမ်းရွက်နိုင်ပါစေ" ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ နိုင်လူရဲ့မိသားစုဘဝလေးကတော့ ချစ်ရတဲ့ဇနီး၊သမီးလေးတို့နဲ့အတူ ပျော်ရွှင်နေရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်နိုင်လူတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Naing Lu's FB Acc

Photo Credit-Naing Lu's FB Acc
Photo Credit-Naing Lu's FB Acc
Photo Credit-Naing Lu's FB Acc
Photo Credit-Naing Lu's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။