ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာအလုပ်တွေကို ယနေ့ခေတ်ထိလည်း တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်စုကိုကျော်နေပြီဖြစ်လို့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင်‌လည်းတော်သလို အသံပါအရမ်းကောင်းတဲ့ တေးသံရှင်ဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook acc
Photo Credit:Mi Mi Khine's Facebook acc

ထွန်းအိန္ဒြာဗိုလ်ရဲ့ချစ်ခင်ပွန်းကလည်း သူမရဲ့အနုပညာအလုပ်တွေကို အပြည့်အဝနားလည်မှုပေးပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံမှာ သားလေးတစ်ယောက်လည်း ထွန်းကားထားတာကြောင့် မိသားစုဘဝလေးက ပြည့်ပြည့်စုံစုံပါပဲနော်။ထွန်းအိန္ဒြာဗိုလ်တို့မိသားစုလေးကို ပရိသတ်တွေကလည်း ချစ်ကြလို့ အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook acc
Photo Credit:Mi Mi Khine's Facebook acc

ထွန်းအိန္ဒာဗိုလ်ရဲ့သားလေးက အခုဆိုရင် ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလာပြီး တဖြည်းဖြည်းချောမောခန့်ညားလာပါတယ်နော်။အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်က သားလေးရဲ့ ငယ်ငယ်တုန်းက ဗီဒီယိုလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတာဖြစ်ပါတယ်။သားအဖနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook acc
Photo Credit:Mi Mi Khine's Facebook acc

Photo Credit:Mi Mi Khine's Facebook acc

Source&Video Credit:Mi Mi Khine's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။