ချစ်ပရိသတ်ကြီးရေ မြင့်မြတ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောမနောလည်း ကောင်းတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။

Photo Credit : Myat Thu Facebook Page
Photo Credit : Myat Thu Facebook Page

မြင့်မြတ်ရဲ့ ချစ်စရာကောင်းလွန်းလှတဲ့သားလေး ဂျူနီယာမြင့်မြတ်တစ်ယောက်ဟာ ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို အပိုင်ရယူထားတာလည်းဖြစ်ပါတယ်။၀၀တုတ်တုတ် ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းတဲ့ ဂျူနီယာမြင့်မြတ်လေးကို ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ ဂျင်းကောင်ပေါက်စလေးကို ခေါ်နေကြပါတယ်။

Photo Credit : Myat Thu Facebook Page
Photo Credit : Myat Thu Facebook Page

ခုကိုဗစ်ကာလလေးမှာတော့ အိမ်မှာပဲ stay home ရင်း မိသားစုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာဖြစ်ပါတယ် ။ မိသားစုပုံရိပ်လေးတွေကိုလည်း မကြာခဏဖော်ပြလေ့ရှိရာ အခုလည်း သားလေးရဲ့ ဟန်ပန်အမူအရာမျိုးစုံပေးကာ ဂိုက်ပေးကြမ်းနေတဲ့ ပုံရိပ်လေးတွေကိုဖော်ပြခဲ့ပါတယ်။ပုံလေးတွေတိုင်းမှာ ချစ်စရာကောင်းလွန်းပြီးဖေဖေတောင်အရှုံးပေးရလောက်အောင် အရမ်းတတ်နေတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ် ။

Photo Credit : Myat Thu Facebook Page
Photo Credit : Myat Thu Facebook Page

Source & Photo Credit : Myat Thu Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။