ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာပျိုးခင်းမှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို တစ်စိုက်မတ်မတ် ရိုက်ကူးလာခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ကားထက်တစ်ကား သရုပ်ဆောင် ပီပြင်လာတာကြောင့်လည်း ဝါရင့် အနုပညာရှင်များရဲ့ ချီးကျုးမှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Shwe Mhone Yati’s Facebook Account
Photo Crd- Shwe Mhone Yati’s Facebook Account
Photo Crd- Shwe Mhone Yati’s Facebook Account

သူမဟာ သရုပ်ဆောင်တော်ရုံသာမကဘဲ ခင်ပွန်းဖြစ်သူကိုလည်း အစစအရာရာ ဂရုစိုက်တတ်လွန်းတဲ့ ဇနီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ဇနီးမောင်နှံအတွဲလေးကို ကြည့်ကာ ကြည်နူးနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ရွှေထူးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Shwe Mhone Yati’s Facebook Account
Photo Crd- Htoo Khant’s Facebook Account
Photo Crd- Htoo Khant’s Facebook Account

ဒါကတော့ ချစ်ခင်ပွန်းအဆာပြေစားနိုင်အောင် မုန့်တွေကိုယ်တိုင်လုပ်ကာကျွေးနေတဲ့ ရွှေမှုံရတီရဲ့Video လေးပဲ ဖြစ်ပါတယ်။ ရွှေမှုံဟာ Stay Home ကာလမှာ ခင်ပွန်းဖြစ်သူကို အာဟာရရှိအောင် တစ်နေ့တစ်မျိုးမရိုးရအောင် ချက်ပြုတ်ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htoo Khant’s Facebook and Shwe Mhone Yati’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။