ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေကဗျာကတော့ လက်တလောမှာဆိုရင် အွန်လိုင်းပေါ်မှာ ပစ္စည်းအမျိုးအစားများစွာကို ရောင်းချနေတာဖြစ်ပါတယ်။မေကဗျာရဲ့အပြောအဆိုလေးတွေကိုလည်း ပရိသတ်တွေကချစ်ကြလို့ Liveလွှင့်တဲ့အချိန်ကျရင် အမြဲဝင်ကြည့်ပြီး အားပေးနေကြတာပါနော်။မေကဗျာကလည်း ရိုက်ကူးရေးတွေနားနေရတဲ့အချိန်လေးမှာ တစ်နိုင်တစ်ပိုင်လေး စီးပွားရေးလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:May Kabyar's Facebook account
Photo Credit:May Kabyar's Facebook account

မေကဗျာက အခုလိုကိုဗစ်ကာလမှာ အိမ်ထဲမှာပဲနေရပေမယ့်လည်း စီးပွားရေးလေးကိုတော့ အမြဲလုပ်ဆောင်နေတာဖြစ်ပါတယ်။သူမရဲ့ဝင်ငွေနဲ့လည်း တတ်နိုင်သလောက်ကို အမြဲလှူဒါန်းနေတဲ့သူဖြစ်လို့ အခုဆိုရင်လည်း ကိုဗစ်အတွက် တစ်နိုင်တစ်ပိုင်လေးလှူလိုက်တာဖြစ်ပါတယ်။မေကဗျာက စေတနာရှင်တွေနဲ့ပူပေါင်းပြီး အလှူငွေအပြင် လိုအပ်တဲ့ပစ္စည်းတွေကိုပါ ကိုယ်တိုင်သွားလှူခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:May Kabyar's Facebook account
Photo Credit:May Kabyar's Facebook account
Photo Credit:May Kabyar's Facebook account

မေကဗျာက"ယနေ့ရိုးမcenter 2 မှာ ကဗျာနှင့် လုပ်ငန်းရှင်များ Fan များရဲ့ စုပေါင်းအလှူလေးပါ ဒီနေ့အလှူငွေ 5 သိန်း၊အဖျားတိုင်းစက်3 လုံး (75000)၊Vital အားဆေး ဘူး 50 ( 325000)၊ပတ္တမြားရောင်ခြည် ငှက်ကျွန်းငှက်သိုက် ဘူး 50 ( 300000)၊စုစုပေါင်း 1195000 မနေ့က ငှက်သိုက်Live လေးမှာပါဝင်လှူဒါန်းပေးကြသော ငှက်သိုက်အလှူရှင်များ အားလုံးကျေးဇူးပါ Y shaper မှ အစ်ကိုနှင့်အစ်မ အစစအရာရာကူညီပေးတာကျေးဇူးပါခုနှစ်ရက်သားသမီးများအားလုံးရဲ့အလှူလေးပါနော်"ဆိုပြီး အလှူပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:May Kabyar's Facebook account
Photo Credit:May Kabyar's Facebook account

Source&Photo Credit:May Kabyar's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။