ချစ်ရတဲ့ ပရိသတ်ကြီးရေ... မကြာသေးမီကမှ သူမရဲ့ မွေးနေ့လေးကို ပရိသတ်တွေနဲ့အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင် မင်းသမီးလေး နန်းဆုဦးကတော့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပနေတာကို တွေ့ရပါတယ်နော်။ အနုပညာလမ်းကြောင်းထက်မှာလည်း နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ နန်းဆုက လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာပါ။

Photo credit - Nan Su Oo's FB account

နန်းဆုရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက အကြိုက်တွေ့နေတာဖြစ်ပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ထင်မှတ်မထားလောက်အောင် အောင်မြင်မှုများစွာရရှိထားတာပါနော်။ မင်းသမီးချောလေး နန်းဆုက ရုပ်ရည်ချောမောလှပရုံသာမကပဲ စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်လွန်းတာဖြစ်လို့ သူမကို မြင်သူတိုင်းက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ 

Photo credit - Nan Su Oo's FB account

ယနေ့မှာတော့ နန်းဆုက ပုရိသပရိသတ်တွေ ရင်ခုန်သွားရလောက်အောင် အပြုံးချိုချိုလေးတွေနဲ့ ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံရိပ်လှလှလေးတွေကို သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထင်မှာ တင်ပေးလာတာပါနော်။ ပြစ်ချက်မရှိ လှပလွန်းတဲ့ သူမရဲ့ ဖြူဖြူဖွေးဖွေး မျက်နှာလေးနဲ့ ဖက်ရှင်အလန်းလေးကလည်း လိုက်ဖက်လွန်းနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Nan Su Oo's FB account

Source & Photo credit - Nan Su Oo's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။