ပရိသတ်ကြီးရေ....မင်းသမီးချောလေးမေကဗျာကတော့ တစ်ခတ်တခါတည်းကအနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများနဲ့ ပရိသတ်အားပေးချစ်ခင်မှုရရှိထားတာဖြစ်ပြီး သူမဝါသနာပါတဲ့ အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့လည်း ကပြတင်ဆက်ပေးလေ့ရှိပါတယ်။ မေကဗျာဟာ ကလေးအမေတစ်ယောက်လို့ထင်ရက်စရာမရှိအောင်ကို အရွယ်တင်နုပျိုနေတာဖြစ်ပြီး လှနေတဲ့မင်းသမီးလေးပါနော်။

မေကဗျာဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီး အထည်စက်ရုံတည်ထောင်ထားတာဖြစ်ပါတယ်။ ဒါ့ပြင် မေကဗျာဟာ online shoppingလည်းလုပ်ကိုင်ကာ ရောင်းချပေးနေတာလည်းဖြစ်ပြီး သူမရဲ့ဖော်ရွေတဲ့စကားပြောပုံလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း ရရှိနေတာဖြစ်ပါတယ်။

မေကဗျာဟာ အခုလက်ရှိမှာဆိုရင်လည်း လုပ်ငန်းရှင်မိတ်ဆွေတွေနဲ့အတူ Quarantine Centerတွေအတွက် လိုအပ်တာလေးတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း မေကဗျာဟာ သူမရဲ့ Facebookစာမျက်နှာမှာရိုးမ Quarantine Center (2)မှာစုစုပေါင်းတန်ဖိုးငွေကျပ် ၁၀သိန်းကျော်ဖိုးသွားရောက်လှူဒါန်းခဲ့တဲ့ဗီဒီယိူလေးကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source& video Credit-May Kabyar's Facebook page

Photo credit-May Kabyar's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။