ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ နေတိုး၊ မိုးမိုးနဲ့ ရဲလေးတို့ကတော့ အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ် ။ ညီအစ်ကိုအရင်းအချာတွေလို ချစ်ခင်ကြတဲ့ နေတိုးတို့သုံးယောက်က အနုပညာအလုပ်တွေကို အတူလက်တွဲကာ လုပ်ကိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့သူငယ်ချင်းသုံးယောက်က ခရီးတွေလည်း အတူထွက်ခဲ့ကြပါသေးတယ်နော်။

Photo Credit-Ye Tun Min's FB Acc
Photo Credit-"Moe Moe- မိုးမိုး" FB Page

တစ်ယောက်ကိုတစ်ယောက် အရမ်းသံယောဇဉ်ရှိကြတဲ့ နေတိုးတို့အနုပညာညီအစ်ကိုတွေကတော့ အခုချိန်အထိ သွားအတူလာအတူရှိကြဆဲ ဖြစ်ပါတယ် ။ အခုလည်း မိုးမိုးက နေတိုး၊ရဲလေးတို့နဲ့ အမှတ်တရလေးတစ်ခုကို တင်ထားတာ ဖြစ်ပါတယ် ။ မိုးမိုးက "ရဲလေးနဲ့ ကိုနေတိုးပြောတဲ့ ပြင်သစ်စကား "ဆိုပြီး ခရီးသွားရင်းရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Moe Sithu Kyaw's FB Acc
Photo Credit-"Moe Moe- မိုးမိုး" FB Page
Photo Credit-Moe Sithu Kyaw's FB Acc

ဒီဗီဒီယိုလေးမှာ နေတိုးနဲ့ရဲလေးတို့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကိုရောက်တုန်း ပြင်သစ်လိုစကားပြောပြနေကြတာပဲ ဖြစ်ပါတယ် ။ နေတိုးကတော့ အီဖယ်လ်တာဝါကြီးကိုကြည့်ပြီး ပြင်သစ်လိုဘယ်လိုခေါ်သလဲဆိုတာ ပြောပြရင်း မိုးမိုးတို့နဲ့အတူ ရယ်မောပျော်ရွှင်နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုး၊ မိုးမိုးနဲ့ ရဲလေးတို့သူငယ်ချင်းသုံးယောက်ရဲ့ ပြင်သစ်ရောက်အမှတ်တရဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Moe Sithu Kyaw's FB Acc

Photo Credit-Moe Sithu Kyaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။