ချစ်ရတဲ့ ပရိသတ်ကြီးရေ.....သရုပ်ဆောင် မင်းသမီးလေးဖြူဖြူထွေးကတော့ ချစ်စရာကောင်းပြီးသွက်လက်တဲ့ အမူအရာလေးတွေနဲ့ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားတဲ့သူလေးဖြစ်ပါတယ်နော်။ သူမဟာဟန်ဆောင်မှုကင်းပြီး ရိုးရိုးသားသားနဲ့နေတတ်တဲ့သူလေးလည်း ဖြစ်တဲ့အပြင် အလှူအတန်းတွေဆိုလည်း လက်မနှေးပဲရက်ရက်ရောရောလှူတတ်တဲ့သူလေးဆိုလည်း မမှားပါဘူးနော်။

Photo credit - Phyu Phyu Htet's Facebook Account
Photo credit - Phyu Phyu Htet's Facebook Account

ဖြူဖြူထွေးဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပြီး ကြော်ငြာတွေဆိုလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေတာဖြစ်ပါတယ်နော်။ သူမရိုက်တဲ့ကြော်ငြာတွေဟာဆိုရင်လည်း သူမကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီးတွေနဲ့အတူ အသေအချာလေးရိုက်ကူးတာကိုလည်းတွေ့ရပါတယ်။ သူမအားလပ်တဲ့ အချိန်လေးတွေမှာတော့ Tiktok ဗီဒီယိုလေးတွေနဲ့ အမိုက်စားပုံရိပ်လေးတွေကို ရိုက်ကူးတင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်

Photo credit - Phyu Phyu Htet's Facebook Account
Photo credit - Phyu Phyu Htet's Facebook Account

ယနေ့မှာလည်း သူမရဲ့ Tiktok account ကနေ ကြည့်မိသူတိုင်း အချစ်ပိုစေလောက်အောင် ဆော့ကစားထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ သီချင်းလေးအတိုင်း အမူအရာမလွဲအောင် သရုပ်ဆောင်ထားတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Phyu Phyu Htet's Facebook Account
Photo credit - Phyu Phyu Htet's Facebook Account

Source & Photo credit - Phyu Phyu Htet's Facebook Account

@phyuhtwe777

မူရင်းအသံ - Ot4BP - Ot4BLINK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။