ဇာတ်ပို့သရုပ်ဆောင် မင်းသမီးချော အိအိတုန်ကတော့ စကားပြောချိုသာသူလေးဖြစ်ပြီး ဟန်ဆောင်မှုကင်းစွာ နေထိုင်တတ်တာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေနဲ့ပတ်သက်ရင် အရမ်းကြိုးစားခဲ့တဲ့ အိအိတုန်က အခုတော့ ကိုယ်ပိုင်စီးပွားရေးကိုလည်း အားစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတဲ့ အိအိတုန်က လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်နော်။

Photo Credit -Ei Tone's FB Acc
Photo Credit -Ei Tone's FB Acc
Photo Credit -Ei Tone's FB Acc

ကလေးတစ်ယောက်မေမေဖြစ်တဲ့ အိအိတုန်က လက်ရှိမှာဆိုရင် ဒုတိယမြောက်ရင်သွေးလေးကိုပါ ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ် ။ Covid ကာလမှာတော့ အိအိတုန်က အိမ်မှာပဲမိသားစုနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်ရင့်လာပြီဖြစ်လို့ အလုပ်တွေရပ်ထားတဲ့ အိအိတုန်က အခုတော့ Live လွှင့်ပြီး စျေးပြန်ရောင်းတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit -Ei Tone's FB Acc
Photo Credit -Ei Tone's FB Acc
Photo Credit -Ei Tone's FB Acc

အိအိတုန်က "ကျားကျားအလုပ်က တစ်ပတ်မှာ 2ရက်လောက်ပဲဆင်းရမယ် လစာကလည်းတစ်ဝက်ပဲရတော့မယ်တဲ့ မတက်နိုင်ဘူး ကိုယ့်မှာလည်းအခက်ခဲရှိသလို သူတို့မှာလည်းအခက်ခဲရှိနေလို့နေမှာပါ အဲ့တော့တစ်ပတ်တစ်ခါလောက် မမဗိုက်လေး Live လွှင့်စျေးပြန်ရောင်းပါမယ် အခုချိန်က စားဝတ်နေရေးအဓိကဖြစ်တဲ့အတွက် အဆင်ပြေမှဝင်ဝယ်ပါနော်ချစ်တုန်းတို့"ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit -Ei Tone's FB Acc

Photo Credit -Ei Tone's FB Acc
Photo Credit -Ei Tone's FB Acc
Photo Credit -Ei Tone's FB Acc
Photo Credit -Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။