အဆိုတော်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ဟာ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ သီချင်းအဆိုကောင်းသူဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ နန်းမြတ်ဖြိုးသင်း ဟာ အနုပညာအလုပ်တွေကို ခဏတာရပ်ထားပြီး အနားယူနေတာဖြစ်ပါတယ်။

Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account

ဒါ့အပြင် သူမဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်း မွေးထားတဲ့အပြင် မကြာခင် မိသားစုဘဝလေးထဲကို ရောက်ရှိလာတော့မယ့် ရင်သွေးလေးကိုလည်း လွယ်ထားပါသေးတယ်။ နန်းမြတ်ဖြိုးသင်း က အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် နေ့စဉ်လှုပ်ရှားမှုလေးတွေကို ဖော်ပြလာခဲ့ပါတယ်။ ယခုမှာလည်း နန်းမြတ်ဖြိုးသင်း က ပရိသတ်တွေအတွက် သူမတို့ သားအမိနှစ်ယောက် ရဲ့ ချစ်စရာပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account

ဒီပုံလေးတွေထဲမှာတော့ Stay Home အချိန်လေးဖြစ်တာကြောင့် အပြင်မထွက်ရပဲ အိမ်ထဲမှာ ဆော့ကစားနေတဲ့ သားလေးကို ကြည့်ပြီး မေမေက ချစ်မဝဖြစ်နေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း နန်းမြတ်ဖြိုးသင်း က " ဘယ်မှလည်းမသွားရတော့ အခန်းထဲမှာဘဲ ပတ်ပြီးဓာတ်ပုံရိုက်ပေးတာတောင် ဒီမေမေကပုံ၂၀၀ကျော်ရိုက်ချပစ်လိုက်တာကြည့်တဲ့လူတွေကိုအားနာတာနဲ့ သေချာပြန်ရွေးတာတောင်၄၆ပုံကျန်သေ"ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကြည်နူးချစ်စရာကောင်းတဲ့ နန်းမြတ်ဖြိုးသင်း တို့သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account
Photo Credit - Nann Myat Phyo Thinn fb account

Photo Credit - Nann Myat Phyo Thinn fb account

Source - Nann Myat Phyo Thinn fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။