ဘောလုံးသမိုင်းမှာ တချို့သောအနီကဒ်တွေဟာ ယနေ့တိုင် လူသိများပြီး မေ့မရနိုင်တဲ့ အချိန်တွေ ရှိနေတုန်းပါပဲ။ အများအားဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ ဖိုယ်နယ်ပြိုင်ပွဲတွေမှာ အပြခံရတဲ့ အနီကဒ်ဖြစ်ရပ်တွေဟာ ယနေ့တိုင် လူသိနေတုန်းဖြစ်ပါတယ်။ အဲ့ဒီထဲက အနီကဒ် ပြခံရတဲ့ ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။ 

Josip Simunic (World Cup 2006) 

Photo Credit : Bleacher Report

Josip Simunic ကတော့ ဘောလုံးသမိုင်းမှာ အဝါကဒ် ၃ ကဒ်ပြခံရတဲ့ ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီလိုပြမိတာကလဲ ဒိုင်ရဲ့အမှားပါပါတယ်။ အဝါကဒ် ၂ကဒ် ပြပြီးတာနဲ့ အနီကဒ်မပြခဲ့တာကြောင့် နောက်တစ်ခါ ဖောင်းတဲ့အခါမှာ နောက်ထပ် အဝါကဒ်နဲ့အနီကဒ်ကိုပြကာထုတ်ခဲ့ပါတယ်။ ပြခံရတဲ့ပွဲကတော့ Croatia နဲ့ Australia တို့တွေ့တဲ့ ပွဲစဉ်မှာ ဖော်ပြပါ အဖြစ်အပျက်ဖြစ်ခဲ့တာဖြစ်ပါတယ်။  

Jens Lehmann (2006 Champions League Final) 

Photo Credit : Bleacher Report

ဒီပွဲကတော့ Champions League Final တစ်ပွဲဖြစ်ပြီး တွေ့ရှိတဲ့ အသင်းနှစ်သင်းကတော့ Arsenal နဲ့ Barcelona တို့ပဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ လူသိများတဲ့ ဖြစ်ရပ်ကတော့ အာဆင်နယ် ဂိုးသမား Jens Lehmann က Samuel Eto'o ကို ဖြတ်ထုတ်တာကြမ်းခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက အနီကဒ်ပြထုတ်ခဲ့ပါတယ်။ တကယ်တော့ Eto'o ဟာဘာမှမထိပဲ သူ့ဘာသာ ဟန်ဆောင်လဲချခဲ့တာဖြစ်ပါတယ်။  

Voller & Rijkaard (World Cup 1990) 

Photo Credit : Bleacher Report

၁၉၉၀ခုနှစ်ကမ္ဘာ့ဖလားတုန်းက Netherlands နဲ့ Germany တွေ့ခဲ့တဲ့ပွဲမှာ မရသင့်တဲ့ အနီကဒ်ကို ရသွားသူကတော့ Voller ပဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာဆိုရင် Voller နဲ့ Rijkaard နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ Voller ကို Rijkaard က တံတွေးနဲ့ထွေးခဲ့ပါတယ်။ အဲ့ဒီနောက် Voller ကလဲ ဒိုင်ကိုသွားပြရာ Complain တက်တယ်ဆိုပြီး နှစ်ဝါ တစ်နီနဲ့ ထုတ်ခဲ့ပါတယ်။ နှစ်ယောက်လုံးကတော့ အနီကဒ်ပြခံခဲ့ရတာပါ။ ပွဲရလဒ်ကတော့ ၂-၁ နဲ့ Germany အသင်းဟာ အနိုင်ရရှိခဲ့ပါတယ်။ Voller အထုတ်ခံလိုက်ရတာကတော့ တကယ်လဲ ယနေ့ချိန်တိုင် Complain တက်စရာပါပဲ။ 

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။