ကမ္ဘာပေါ်မှာရှိတဲ့ ထူးဆန်းထွေလာတွေ များစွာထဲကမှ ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် Tana Toraja ဆိုတဲ့ ရွာလေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီရွာလေးဟာ အင်ဒိုနီးရှားနိုင်ငံက ​ရှေးဘုရင်တွေရဲ့ လက်အောက်ခံမင်းညီမင်းသားတွေ အုပ်ချုပ်တဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။

Photo from google
Photo from google

ဒီရွာလေးမှာတော့ ​ရှေးခေတ် အင်ဒိုနီးရှားရဲ့ အယူအဆတွေ ယဥ်ကျေးမှုတွေ ရှိနေဆဲဖြစ်ပြီး လူသိလည်းနည်းတဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။

ဒီရွာလေးရဲ့ ထူးခြားတဲ့အချက်ကတော့ ရွာထဲက ကလေးငယ်လေးတွေ သေဆုံးသွားတဲ့အခါမှာ မြေမြှုပ် သဂြိုလ်ခြင်းမရှိပါဘူး။

သေဆုံးသွားတဲ့ ကလေးအလောင်းတွေကို အဝတ်စနဲ့ပတ်ကာ ကြီးမားတဲ့သစ်ပင်ကြီးတွေရဲ့ အလယ်မှာ အပေါက်တွေဖောက်ပြီး ၄င်းအပေါက်တွေထဲမှာ မြှုပ်နှံကြတာပဲ ဖြစ်ပါတယ်။

Photo credit - Alamy Stock
Photo credit - Alamy Stock

ဒါဟာ ​ရှေးနှစ်ပေါင်းများစွာထဲက သူတို့ရွာလေးရဲ့ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီး ကလေးငယ်လေးတွေရဲ့ ဝိဥာဏ်ဟာ သဘာဝသစ်ပင်တွေကို အမှီပြုပြီး လေနဲ့အတူ ကောင်းမွန်ရာကို ရောက်ရှိသွားတယ်လို့ ယုံကြည်ထားတာကြောင့် ဖြစ်ပါတယ်။

သူတို့သစ်ပင်ထဲမှာ မြှုပ်နှံထားတဲ့ ကလေးငယ်လေးတွေရဲ့ အလောင်းတွေဟာ Makassar မြို့ရဲ့ မြောက်ပိုင်း ၁၈၆ မိုင်အကွာ ဆူလာဝါဆီ ရဲ့တောင်ဘက်မှာ ရှိတဲ့ တောအုပ်တွေထဲက သစ်ပင် ကြီးတွေမှာ ယခုအချိန်ထိရှိနေဆဲဖြစ်ပါတယ်။

ဒီရွာလေးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ ဒါပါပဲ. ပရိသတ်တွေရော ဒီရွာလေးကို ဘယ်လိုမြင်ကြလဲ...

Photo from google
Photo from google

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။