ယာကူဆာဆိုတဲ့ ဂိုဏ်းကတော့ မကောင်းမှုတွေများစွာကိုဖန်တီးပြုလုပ်တဲ့ လူဆိုးဂိုဏ်းတစ်ခုဖြစ်တယ်ဆိုတာကတော့ ပရိတ်သတ်တွေသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဂျပန်လူမျိုးတွေဖြစ်တဲ့ ယာကူဆာ ဂိုဏ်းသားတွေကတော့ မိမိတို့ရဲ့ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ကို အရမ်းအလေးထားကြတဲ့သူတွေပဲဖြစ်ပါတယ်။အီရယ်ဇုမီလို့ခေါ်တဲ့ တက်တူးသို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် ဆေးခြယ်သည့် အနုပညာတစ်မျိုးကတော့ ယာကူဆာမှန်ရင် တက်တူးရှိရမယ်ဆိုတဲ့ သူတို့ရဲ့ ဓလေ့ကိုဖော်ပြနေတာပဲဖြစ်ပါတယ်။လူအများစုဟာဆိုရင်လဲ ယာကူဆာရဲ့တက်တူးတွေကိုလိုက်လံထိုးဖို့ ဆန္ဒရှိကြပေမယ့် တက်တူးတွေရဲ့ အဓိပ္ပါယ်ကိုတော့ သေချာသိရှိမှုမရှိကြပါဘူး။ ဒါ့ကြောင့်ပရိတ်သတ်တွေအတွက် ယာကူဆာတက်တူးတွေရဲ့ အဓိပ္ပါယ်ကိုဖော်ပြပေးလိုက်ပါတယ်။

Photo from google

1.The Dragon

ဂျပန်လူမျိုးတွေကတော့ အနောက်နိုင်ငံကလူတွေနဲ့မတူပဲ နဂါးအပေါ် အဓိပ္ပါယ်သတ်မှတ်မှုကကွဲပြားနေတာပဲဖြစ်ပါတယ်။ဂျပန်လူမျိုးတွေအတွက်တော့ နဂါးဟာ ကြောက်စရာသတ္တဝါတစ်ကောင်မဟုတ်ဘဲ အကာအကွယ်ပေးတဲ့ကျေးဇူးရှင်တစ်ယောက်အဖြစ်သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ယာကူဆာတွေအတွက်တော့ နဂါးတက်တူးဟာ ဉာဏ်ပညာရှိမှု၊ အင်အားရှိမှုနှင့် ရဲရင့်မှုတို့ကို ကိုယ်စားပြုထားတာပဲဖြစ်ပါတယ်။ အနက်ရောင်နဂါးတက်တူးကတော့ အတွေ့မကြုံကိုကိုယ်စားပြုပြီး ၊ အစိမ်းရောင်နဂါးကတော့ သဘာဝကိုကိုယ်စားပြုကာ ရွှေရောင်နဂါးကတော့ တန်ဖိုးကို ဖော်ပြတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။

Photo from google

2.The Snake

မြွေပုံစံတက်တူးကတော့ အဓိပ္ပါယ်များစွာဖွင့်ဆိုကြတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတရံမှာ ကောင်းမွန်သောကျန်းမာရေးနှင့် စိတ်ဓာတ်မြင့်တင်ခြင်းကို ကိုယ်စားပြုပြီး တခါတရံမှာတော့ ဖျားနာခြင်းနှင့် ကံဆိုးခြင်းကို ကိုယ်စားပြုနေတာပဲဖြစ်ပါတယ်။သို့ပေမယ့် ဂျပန်ရိုးရာ ပုံပြင်တွေထဲမှာတော့ မြွေက ဉာဏ်ပညာ ပါဝါ မြင့်တက်မှု ကိုဖော်ပြတဲ့ သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။

Photo from google

3.The Phoenix

The Phoenix တက်တူးကလည်း ဂိုဏ်းထဲမှာ အတွေ့များတဲ့တက်တူးတစ်ခုဖြစ်ပြီး အောင်ပွဲ ကတိကဝတ်နှင့် ပြန်လည်မွေးဖွားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဘာကြောင့်လဲဆိုရင်ဖီးနှစ်ငှက်ဟာ မီးလောင်ကျွမ်းပြီးမှ ပြန်လည်မွေးဖွားလာတဲ့ ဒဏ္ဍာရီလာ ငှက်ဖြစ်တာကြောင့် အခုလိုအဓိပ္ပါယ်ရတာပဲဖြစ်ပါတယ်။ ဖီးနှစ်ငှက် ဒဏ္ဍာရီ ကတော့ တရုတ်မှဆင်းသက်လာတာဖြစ်ပေမယ့် ၎င်းက ဂျပန်ယဉ်ကျေးမှုနှင့် ဆက်စပ်နေတဲ့ ဒဏ္ဍာရီတွေထဲတစ်ခုဖြစ်တာလဲဖြစ်ပါတယ်။

Photo from google

4.The Koi Fish

The Koi Fish တက်တူူးကတော့ ယာကူဆာဂိုဏ်းထဲမှာ အတွေ့အများဆုံးတက်တူးပုံစံတစ်မျိုးဖြစ်ပြီး ကံကြမ္မာနှင့် ကံကောင်းခြင်း ဟု အဓိပ္ပါယ်ရပါတယ်။ ဂျပန်ရာဇဝင်တွေထဲမှာတော့ ကိုအီငါးဟာ ရေတံခွန်တွေပါ တက်နိုင်စွမ်းရှိတာကြောင့် လုံ့လဝရိယ နှင့် စိတ်အားထက်သန်မှုကို ကိုယ်စားပြုထားတာပဲဖြစ်ပါတယ်။အဆိုပါ ငါးပုံစံတက်တူးကို ထိုးထားတဲ့သူတွေကတော့ အလွန်တရာ ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံကိုခံနိုင်ရည်ရှိတဲ့သူလို့သတ်မှတ်ထားတာလဲဖြစ်ပါတယ်။ The Koi Fish တက်တူးကတော့ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာလည်း အတွေ့များလာတဲ့တက်တူးတစ်ခုဖြစ်ပါတယ်။

Photo from google

5.The Samurai

The samurai ဆိုတဲ့တက်တူးကတော့ ဘူရှီးဒို သို့စစ်ထွက်သူတွေရဲ့ အပြုအမူတွေကို ကိုယ်စားပြုတဲ့တက်တူးတွေပဲဖြစ်ပါတယ်။ဆာမူရိုင်းကတော့ သတ္တိရှိမှု သစ္စာရှိမှု တွေကို ကိုယ်စားပြုတဲ့ အပြုအမူတွေကို ဖော်ပြထားတဲ့တက်တူးဆိုလဲမမှားပါဘူး။ယာကူဆာတွေကတော့ သူတို့ိကိုယ်သူတို့ ရှေးဟောင်းဂျပန်ရိုးရာ ကာကွယ်စောင့်ရှောက်သူတွေအဖြစ် သတ်မှတ်ထားတာကြောင့် အခုလိုဆာမူရိုင်းတွေရဲ့ နည်းစနစ်ဥပဒေတွေကို လိုက်လံကျင့်သုံးခဲ့တာပဲဖြစ်ပါတယ်။

Photo from google

ပရိသတ်တွေအနေနဲ့ ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် comment လေးတွေ ဝင်ရေးပေးသွားဦးနော်။

Source - Elitereader.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။