ကမ္ဘာပေါ်က လူတွေဟာဆိုရင်တော့ဖြင့် သူတို့မသိနားမလည်တဲ့ အရာတွေကို ကြောက်တက်ကြပါတယ်။ အရမ်းကိုမှ ကြောက်နေကြပါတယ်....အထူးသဖြင့်ကြောက်ကြတာက ထိမရကိုင်မရ ရုတ်တရက်ဘွားခနဲ ဘွားခနဲ ပေါ်လာတတ်တဲ့ သရဲတွေပဲဖြစ်ပါတယ်။ သရဲတွေဟာဆိုရင်လဲ သူ့တိုကို ထိလို့မရတိုင်း ကြောက်လေပိုခြောက်လေပဲဖြစ်ပါတယ်။ သရဲပြီးရင်တော့ နတ်ဆိုးတွေပါ.... မကောင်းဆိုးဝါးတွေ နတ်ဆိုးတွေက သရဲထက်မြင့်ပါတယ်။

သူတို့ဟာဆိုရင် အောက်လမ်းနည်းပေါင်းစုံးရှိကြပြီး သူမတူအောင်လဲ ပါဝါအစွမ်းတွေရှိကြပါတယ်။ အင်မတန်ကိုမှ အန္တာရယ်များပြီး လူတွေကို စိတ်အနှောင့်အယှက်ပေးတတ်ပါတယ်။ နီးနီးနားနားပြောရမယ်ဆိုရင်တော့ လူတိုင်းသိကြတဲ့ The Nun နဲ့ IT အဲ့နှစ်ကောင်က နတ်ဆိုးတွေပဲဖြစ်ပါတယ်။ တခြားသိချင်သေးရင်တော့ Satan နဲ့ Slender Man တို့လဲရှိပါသေးတယ်။ နတ်ဆိုးတွေပြီးရင်တော့ စိတ္တဇလူသတ်သမားတွေပဲဖြစ်ပါတယ်။ အကြောင်းပြချက်မရှိပဲ လိုက်သတ်နေတာပါပဲ။

အဲ့လို စိတ္တဇလူသတ်သမားတွေကို ပရိသတ်တွေသိမယ်ထင်ပါတယ်ဗျာ။ အဲ့လိုကြောက်ဖို့ကောင်းတဲ့ အရာတွေကိုသာ သင်အပြင်မှာတွေ့ရင် ဘယ်လိုလုပ်မလဲ။ လူတွေက အဲ့လိုနေရာမှာ ခြောက်လန့်ဖို့ဆို ၂ယောက်မရှိကြပါဘူး။ အထူးသဖြင့် Halloween နေ့တွေမှာပေါ့...လူတွေက သရဲဝတ်စုံတွေ ဝတ်ကြပြီး စနောက်ကြလေ့ရှိပါတယ်။ အဲ့လိုဝတ်စုံတွေထဲကမှ ကြောက်ဖို့အကောင်းဆုံး ဝတ်ဆုံတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရုတ်တရက်တွေ့ရင် တကယ်အစစ်လိုတောင် သင်ထင်ပြီး ရှော့ခ်ရနိင်ပါတယ်။ 

သတင်းအရင်းမြစ် List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။