တရုတ်နိုင်ငံက သန့်ရှင်းရေးအလုပ်သမားတစ်ဦးဟာ သူမအလုပ်ကောင်းကောင်းလုပ်ကြောင်း သက်သေပြဖို့အတွက် အိမ်သာခွက်ထဲက ရေတွေကိုသောက်ခဲ့ပါတယ်။

ဒါဟာ သူမအနေနဲ့ အိမ်သာကို ကောင်းကောင်းတိုက်ထားကြောင်း သက်သေပြဖို့အတွက်နဲ့ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Ren Jian Feng Zi
Photo credit - Ren Jian Feng Zi

ဒီဖြစ်ရပ်ကိုမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း ၄င်းအမျိူးသမီးဟာ ပလတ်စတစ်ခွက်အသေးနဲ့ အိမ်သာထဲက ရေတွေကို ခပ်ယူ​ပြီး သောက်သုံးပြခဲ့တာကို တွေ့ရပါတယ်။

သူမဟာ ဒါကို လူအများရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုသူတွေကလည်း လက်ခုပ်တီးပီး အားပေးဂုဏ်ပြုခဲ့တာကို တွေ့ရပါတယ်။

Photo credit - Ren Jian Feng Zi
Photo credit - Ren Jian Feng Zi

ဒီဖြစ်ရပ်အပြီးမှာတော့ company ဟာ သူမရဲ့သရုပ်ပြမှုကို ချီးကျူးခဲ့ပြီး စံပြဝန်ထမ်းဆုကိုပါ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ပရိသတ်တွေ ကိုယ်တိုင် မြင်တွေ့နိုင်စေဖို့အတွက် သူမသောက်ပြနေတဲ့ ဗီဒီယိုဖိုင်လေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Photo credit - Ren Jian Feng Zi

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။